dcsimg

လီလီပန်း ( Birmanca )

wikipedia emerging languages tarafından sağlandı

လီလီပန်းပင်မျိုးသည် အပင်မျိုးရင်းအကြီး ဆုံးတွင် တစ်ခုအပါအဝင်ဖြစ်သည့်ပြင် ခြံဥယျာဉ်များတွင် အလှစိုက်ပျိုးရာ၌လူကြိုက်များသော အပင်မျိုးတစ်ခုဖြစ်သည်။ လီလီပန်းများသည် မကြီးလွန်း၊ မငယ်လွန်း အနေတော်အရွယ်ရှိ၍ အလွန်လှပသည့်ပြင် အနံ့လည်းမွှေးကြိုင်သောကြောင့် အလွန်တန်ဖိုးထားကြသည်။ လီလီပန်းပင်မျိုး၏ မူလ ပေါက်ရာဒေသမှာ မြောက်သမပိုင်းဒေသများဖြစ်သည်။ လီလီပန်းပင်သည်လီလီအေစီအီး မျိုးရင်းတွင် လီလီယမ်မျိုးစု၌ပါဝင်၍ ယင်း၏ ရုက္ခဗေဒအမည်မှာ ပန်းမျိုးစုကိုလိုက်၍ အမျိုးမျိုးခေါ်ကြသည်။ လီလီပန်းမျိုးရင်းတွင်မျိုးစုပေါင်း ၂ဝဝကျော်မျှ ရှိပြီးလျှင် မျိုးစိတ်ပေါင်း ၂ဝဝဝ ခန့်ရှိလေသည်။တရုတ်နိုင်ငံတွင် မူလဖြစ်ထွန်းသော ကျားလီလီပန်း၏ ရုက္ခဗေဒ အမည်မှာ လီလီယမ် တိက်ဂရီနမ်ဖြစ်၍ ဥရောပတိုက်ကတောင်ပိုင်းနှင့်ဗြိတိသျှကျွန်းတွင် အလေ့ကျပေါက်သော မဒေါနားလီလီပန်း၏ ရုက္ခဗေဒအမည်မှာ လီလီယမ် ကန်ဒီဒမ်စသည် ဖြစ်သည်။ ထို့ပြင် တရုတ် လီလီပန်း၊ဂျပန်လီလီပန်းများလည်းရှိကြသည်။ လီလီပန်းပင်မျိုးတွင် ကညွှတ်၊ ကြက်သွန်နီ၏ကြက်သွန်ဖြူ၊ ထန်းကြက်သွန်ပင်မျိုးများ ပါဝင်ကြသည်။ လီလီပန်းပင်များသည် အမြင့်နှစ်ပေမှ ငါးပေးအထိရှိကြသည်။ လီလီပန် အမျိုးစုတွင် ပါဝင်သော လီလီပန်းပင်အစစ်များသည် ပင်စည်မတ်၍ အရွက်များမှာ သေးသွယ်ရှည်လျားပြီးလျှင် အည|ာမရှိဘဲ ပင်စည်တွင်ကပ်၍ ရွက်လွှဲဖြစ်စေ၊ ပင်စည်တစ်ဝိုက်ပတ်၍ဖြစ်စေ ထွက်ကြသည်။

ပင်စည်၏ ထိပ်တွင်မှထင်ရှားပေါ်လွင်သော ခေါင်းလောင်းပုံသဏ္ဌာန် အပွင့်များပွင့်ကြသည်။ အပွင့်တစ်ပွင့်တွင် ပွင့်ဖတ်ခြောက်ခု ကွဲ၍နေသည့်ပြင်ထိုပွင့်ဖတ်များသည် ဝတ်ဆုံဖို ခြောက်ခုနှင့် အသီးခွံတစ်ခုကို ဝိုင်းလျက်ရှိနေလေသည်။ပန်းပွင့်တစ်ပွင့်တွင် ပွင့်ချပ်နှစ်ခုသာ ရှိသော်လည်း ပွင့်ချပ် တစ်ခုလျှင် ပွင့်ဖတ်သုံးခု တွဲနေသဖြင့် ရုတ်တရက်ကြည့်လျှင် ပွင့်ချပ် ခြောက်ခုရှိသကဲ့သို့ထင်ရသည်။

လူသိများ၍ ထင်ရှားသော လီလီပန်မျိုးထဲတွင် ဂျပန် လီလီပန်း မျိုးလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းပန်း၏အရောင်မှာ အနီရင့်အောက်ခံတွင် မရမ်းရောင် အစက်ကလေးများ ရှိသဖြင့် အလွန်လှပသည်။တစ်ခုသော လီလီပန်းမျိုးတွင် ပွင့်ဖတ်လိမ္မော်ရောင် အောက်ခံ၌ အနီစက်များရှိသည်။ အရောင်အသွေးမှာ အလွန်တောက်ပသဖြင့် ရှုမငြီးနိုင်ပေ။ အလှဆုံးကား အီစတာလီလီခေါ် အဖြူဆွတ်ဆွတ် လီလီပန်းဖြစ်သည်။ အပွင့် တစ်ပွင့်လုံးမှာ အစက်အပြောက်မရှိဘဲ ဆွတ်ဆွတ်ဖြူနေသဖြင့် ကျက်သရေရှိ လှပေသည်။ ပင်စည်အမြင့် ၁ဝ ပေမှ ၁၄ ပေ ထိရှိသော အိန္ဒိယ လီလီ ပန်းပင်ကြီးများတွင် ကတော့ပုံအပွင့်ကြီးများရှိ၍ အရောင်မှာ မရမ်းရောင် ဖြစ်သည်။ လီလီပန်းပင်အမျိုးပေါင်း မြောက်မြားစွာရှိသည့်အလျောက် အပွင့် များ၏ အရောင်မှာလည်း အမျိုးမျိုး ကွဲပြားလျက်ရှိရာ အမျိုးတိုင်းပင် တစ်မျိုးစီလှပ၍ ကျက်သရေရှိလှပေသည်။[၃]

ကိုးကား

  1. lectotype designated by N. L. Britton et A. Brown, Ill. Fl. N. U.S. ed. 2. 1: 502 (1913)
  2. World Checklist of Selected Plant Families။ June 13, 2014 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
lisans
cc-by-sa-3.0
telif hakkı
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ

လီလီပန်း: Brief Summary ( Birmanca )

wikipedia emerging languages tarafından sağlandı

လီလီပန်းပင်မျိုးသည် အပင်မျိုးရင်းအကြီး ဆုံးတွင် တစ်ခုအပါအဝင်ဖြစ်သည့်ပြင် ခြံဥယျာဉ်များတွင် အလှစိုက်ပျိုးရာ၌လူကြိုက်များသော အပင်မျိုးတစ်ခုဖြစ်သည်။ လီလီပန်းများသည် မကြီးလွန်း၊ မငယ်လွန်း အနေတော်အရွယ်ရှိ၍ အလွန်လှပသည့်ပြင် အနံ့လည်းမွှေးကြိုင်သောကြောင့် အလွန်တန်ဖိုးထားကြသည်။ လီလီပန်းပင်မျိုး၏ မူလ ပေါက်ရာဒေသမှာ မြောက်သမပိုင်းဒေသများဖြစ်သည်။ လီလီပန်းပင်သည်လီလီအေစီအီး မျိုးရင်းတွင် လီလီယမ်မျိုးစု၌ပါဝင်၍ ယင်း၏ ရုက္ခဗေဒအမည်မှာ ပန်းမျိုးစုကိုလိုက်၍ အမျိုးမျိုးခေါ်ကြသည်။ လီလီပန်းမျိုးရင်းတွင်မျိုးစုပေါင်း ၂ဝဝကျော်မျှ ရှိပြီးလျှင် မျိုးစိတ်ပေါင်း ၂ဝဝဝ ခန့်ရှိလေသည်။တရုတ်နိုင်ငံတွင် မူလဖြစ်ထွန်းသော ကျားလီလီပန်း၏ ရုက္ခဗေဒ အမည်မှာ လီလီယမ် တိက်ဂရီနမ်ဖြစ်၍ ဥရောပတိုက်ကတောင်ပိုင်းနှင့်ဗြိတိသျှကျွန်းတွင် အလေ့ကျပေါက်သော မဒေါနားလီလီပန်း၏ ရုက္ခဗေဒအမည်မှာ လီလီယမ် ကန်ဒီဒမ်စသည် ဖြစ်သည်။ ထို့ပြင် တရုတ် လီလီပန်း၊ဂျပန်လီလီပန်းများလည်းရှိကြသည်။ လီလီပန်းပင်မျိုးတွင် ကညွှတ်၊ ကြက်သွန်နီ၏ကြက်သွန်ဖြူ၊ ထန်းကြက်သွန်ပင်မျိုးများ ပါဝင်ကြသည်။ လီလီပန်းပင်များသည် အမြင့်နှစ်ပေမှ ငါးပေးအထိရှိကြသည်။ လီလီပန် အမျိုးစုတွင် ပါဝင်သော လီလီပန်းပင်အစစ်များသည် ပင်စည်မတ်၍ အရွက်များမှာ သေးသွယ်ရှည်လျားပြီးလျှင် အည|ာမရှိဘဲ ပင်စည်တွင်ကပ်၍ ရွက်လွှဲဖြစ်စေ၊ ပင်စည်တစ်ဝိုက်ပတ်၍ဖြစ်စေ ထွက်ကြသည်။

ပင်စည်၏ ထိပ်တွင်မှထင်ရှားပေါ်လွင်သော ခေါင်းလောင်းပုံသဏ္ဌာန် အပွင့်များပွင့်ကြသည်။ အပွင့်တစ်ပွင့်တွင် ပွင့်ဖတ်ခြောက်ခု ကွဲ၍နေသည့်ပြင်ထိုပွင့်ဖတ်များသည် ဝတ်ဆုံဖို ခြောက်ခုနှင့် အသီးခွံတစ်ခုကို ဝိုင်းလျက်ရှိနေလေသည်။ပန်းပွင့်တစ်ပွင့်တွင် ပွင့်ချပ်နှစ်ခုသာ ရှိသော်လည်း ပွင့်ချပ် တစ်ခုလျှင် ပွင့်ဖတ်သုံးခု တွဲနေသဖြင့် ရုတ်တရက်ကြည့်လျှင် ပွင့်ချပ် ခြောက်ခုရှိသကဲ့သို့ထင်ရသည်။

လူသိများ၍ ထင်ရှားသော လီလီပန်မျိုးထဲတွင် ဂျပန် လီလီပန်း မျိုးလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းပန်း၏အရောင်မှာ အနီရင့်အောက်ခံတွင် မရမ်းရောင် အစက်ကလေးများ ရှိသဖြင့် အလွန်လှပသည်။တစ်ခုသော လီလီပန်းမျိုးတွင် ပွင့်ဖတ်လိမ္မော်ရောင် အောက်ခံ၌ အနီစက်များရှိသည်။ အရောင်အသွေးမှာ အလွန်တောက်ပသဖြင့် ရှုမငြီးနိုင်ပေ။ အလှဆုံးကား အီစတာလီလီခေါ် အဖြူဆွတ်ဆွတ် လီလီပန်းဖြစ်သည်။ အပွင့် တစ်ပွင့်လုံးမှာ အစက်အပြောက်မရှိဘဲ ဆွတ်ဆွတ်ဖြူနေသဖြင့် ကျက်သရေရှိ လှပေသည်။ ပင်စည်အမြင့် ၁ဝ ပေမှ ၁၄ ပေ ထိရှိသော အိန္ဒိယ လီလီ ပန်းပင်ကြီးများတွင် ကတော့ပုံအပွင့်ကြီးများရှိ၍ အရောင်မှာ မရမ်းရောင် ဖြစ်သည်။ လီလီပန်းပင်အမျိုးပေါင်း မြောက်မြားစွာရှိသည့်အလျောက် အပွင့် များ၏ အရောင်မှာလည်း အမျိုးမျိုး ကွဲပြားလျက်ရှိရာ အမျိုးတိုင်းပင် တစ်မျိုးစီလှပ၍ ကျက်သရေရှိလှပေသည်။