ပိုးစုန်းကြူး သည် ပျံသန်းနိုင်သည့် အင်းဆက် သတ္တဝါ အမျိုးအစားဖြစ်ပြီး Lampyridae မျိုးနွယ်စုတွင် ပါဝင်သည်။ သားကောင်ဖမ်းခြင်း သို့မဟုတ် ဆည်းဆာချိန်အတွင်း မိတ်လိုက်ရန် ဆွဲဆောင်ရာတွင် ထင်ရှားသည့် အပူဓာတ်မပါသည့် အလင်းရောင်ကြောင့် ၎င်းတို့ကို ပိုးစုန်းကြူး သို့မဟုတ် လျှပ်ပြက်သည့် ကြမ်းပိုးခေါ်ကြသည်။ ပိုးစုန်းကြူးများက အနီအောက်ရောင်ခြည် သို့မဟုတ် ခရမ်းလွန်လှိုင်း မပါဝင်သော "အလင်းအေး" ကို ထုတ်လွှတ်ပေးသည်။ ၎င်းဓာတုနည်းဖြင့် အလင်းရောင်ကို ဝမ်းဗိုက်အောင်ပိုင်းမှ အဝါရောင်၊ အစိမ်းရောင် သို့မဟုတ် ဖြူဖတ်ဖြူရော် အနီရောင် ဖြစ်နိုင်သည် လှိုင်းအလျား ၅၁၀ မှ ၅၆၀ နာနိုမီတာ နှင့်အတူထုတ်လွှတ်ပေးသည်။[၂]
ပိုးစုန်းကြူး မျိုးစိတ်ပေါင်း ၂၁၀၀ ခန့် ကို သမပိုင်းဇုန် နှင့် အပူပိုင်းရာသီဥတုများတွင် တွေ့ရှိပြီးဖြစ်သည်။ အတော်များများကို စိုစွတ်သောရာသီဥတု၊ တောအုပ်၊ သားလောင်းများအတွက် အစာအရင်းအမြစ်ပေါများသောနေရာဒေသတွင် တွေ့ရသည်။ ဥရောပအာရှနှင့် အခြားနေရာများတွင် အလင်းရောင် ထုတ်လွှတ်သော သားလောင်း ကို "glowworms" ဟုခေါ်သည်။ အမေရိကတွင် "glow worm" ကို Phengodidae ဟုလည်းရည်ညွှန်းသည်။ နယူးဇီလန်နှင့် ဩစတေးလျတွင် "glow worm" ဝေါဟာရကို အပူဓာတ်မပါရှိဘဲ အလင်းရောင်ထုတ်လွှတ်ခြင်း[၃]များစွာသော ပိုးစုန်းကြူး အမနှင့် အထီးမျိုးစိတ်များမှာ ပျံသန်းနိုင်သောစွမ်းရည်များရှိကြသည်၊ သို့သော် အချို့သော အမ မျိုးစိတ်များမှာ ပျံသန်းနိုင်စွမ်းမရှိပါ။[၄] ပူနွေးတဲ့ နေရာမျိုးစုံမှာ ရှင်သန်နေထိုင်ကြပါတယ်။ ပိုးစုန်းကြူးတွေဟာ စိုထိုင်းမှုကို နှစ်သက်ပြီး အာရှနှင့် အမေရိကတွေရဲ့ ပူနွေးတဲ့ ဒေသတွေမှာ နေထိုင်တတ်ကြပါတယ်။ ခြောက်သွေ့တဲ့ ဒေသတွေမှာဆိုရင် စိုစွတ်နေတဲ့ နေရာတွေမှာ ပိုးစုန်းကြူးတွေကို တွေ့ရပါတယ်။
အမတွေဟာ ဥတွေကို မြေကြီးပေါ်မှာ ဥတတ်ပြီး ဥမှ ပေါက်လာတဲ့ သားလောင်းတွေကို အရွယ်ရောက်ပြီး ပိုးစုန်းကြူးတွေက ပန်းဝတ်မှုန်ဝတ်ရည်တွေကို အကုန်မစားပဲ သားလောင်းတွေကို ကျွေးပါတယ် တဲ့။
ပိုးစုန်ကြူးများသည် များစွာသော အခြားသက်ရှိများသကဲ့သို့ မြေယာအသုံးပြုမှုပြောင်းလဲခြင်းကြောင့် တိုက်ရိုက်ထိခိုက်မှုများရှိနေသည် (ဥပမာ၊ ကျက်စားရာဧရိယာနှင့် ဆက်သွယ်မှုဆုံးရှုံးခြင်း) အဓိပ္ပါယ်မှာ ကုန်းဂေဟစနစ်အတွက် ဇီဝမျိုးကွဲအပြောင်းအလဲများ၏ အဓိကမောင်းနှင်သူဟုဆိုလိုသည်။[၅] မျိုးပွားရန် ကိုယ်ပိုင်အလင်းရောင်ကို မှီခိုရသောကြောင့်[၆] ပတ်ဝန်းကျင်၏ အလင်းအားအဆင့်အပေါ် အလွန် မူတည်နေသလို အလင်းညစ်ညမ်းခြင်းကြောင့် အလွန်ထိခိုက်လွယ်ကြသည်။[၆] [၇] လေးနှစ်ကျော် တိုပွားလာမှုကိုစောင့်ကြည့်လေ့လာရာတွင် ပိုးစုန်းကြူးများအပေါ် တိုက်ရိုက်ကျရောက်သည့် တောက်ပသော အလင်းရောင်၏ ဆိုးကျိုးများကို ၂၀၁၅ ခုနှစ်တွင် ပထမဦးဆုံးအကြိမ်တိုင်းတာပြီး ပြသနိုင်ခဲ့သည်။[၈] မကြာသေးခင်က များစွာသောလေ့လာချက်များအရ လူလုပ်အလင်းရောင်များသည် ပိုးစုန်းကြူးများအပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်နေသည်။[၉] [၁၀] ပိုးစုန်းကြူးများသည် အင်းဆက်များကြားတွင် တစ်မူထူးခြားသည်။ သာမန်လူများပင် အလွယ်တကူ သိရှိနိုင်ပြီး လူမြင်ကွင်း၌ အထင်ကရဖြစ်သည့် မျိုးစိတ်ဖြစ်ကာ ညဘက်ကျက်စားသော တောရိုင်းသတ္တဝါလောက၌ အလင်း၏အကျိုးသက်ရောက်မှုအား လေ့လာရာတွင် စံပြ စံနမူနာကာင်းတစ်ခုဖြစ်သည်။ ပတ်ဝန်းကျင်ပြောင်းလဲမှုအား လျင်မြန်စွာ တုံ့ပြန်ခြင်းနှင့် ယင်းတို့၏ အာရုံခံမှုစနစ်ကြောင့် ညဘက် အလင်းတု ဖန်တီးမှုအတွက် ပိုးစုန်းကြူးတို့သည် ကောင်းမွန်သော သက်ရှိဇီဝပြသသူများ ဖြစ်ကြသည်။[၇][၈]
အရောင်၊ ပုံသဏ္ဍန်၊ အရွယ်အစားနှင့် ဦးမှင် ကဲ့သို့သော အင်္ဂါရပ်များသည် ယေဘုယျ အသွင်အပြင်တွင် ကွဲပြားမှု များစွာရှိသည်။ မျိုးစိတ်အပေါ် မူတည်၍ အရွယ်အစားသည် အတော်အတန် ခြားနားပြီး အကြီးဆုံးမှာ တစ်လက်မ အထိရှိသည်။ သို့သော်လည်း အချို့အမ မျိုးစိတ်များသည် အထီးများနှင့် အသွင်အပြင် ဆင်တူသည်။ များစွာသော ပိုးစုန်းကြူး မျိုးစိတ်များတွင် ပိုးလောင်းပုံစံ အမများကို တွေ့ရသည်။ အရွယ်ရောက်ကောင်များတွင် စုပေါင်းမျက်လုံး (အဆစ်ပါသည့်မျက်လုံး) များရှိသောကြောင့် ဤအမများကို သားလောင်းများသာလျှင်ခွဲခြားနိုင်သည်။ although the latter are much smaller than those of their males and often highly regressed.[၁၁] လူအများစု မြင်တွေ့ရသည့် ပိုးစုန်းကြူးသည် ညတွင်ကျက်စားသည်။[၁၂] မျိုးစိတ်အများစုသည် နေ့တွင်ကျက်စားသည်။ နေ့မှ ကျက်စားသော မျိုးစိတ်များသည် အလင်း မထုတ်လွှတ်သော်လည်း မှောင်ရိပ်နယ်ပယ်တွင် ကျန်ရှိနေသော အချို့မျိုးစိတ်များသည် အလင်းထုတ်လွှတ်ကောင်း ထုတ်လွှတ်နိုင်သည်။
အမတစ်ကောင်သည် မိတ်လိုက်ပြီး ရက်အနည်းငယ်အကြာတွင် သန္ဓေအောင်ဥများကို မြေမျက်နှာပြင် သို့မဟုတ် အောက်ဘက်တွင် ဥချသည်။ သုံးပတ်မှ လေးပတ်အကြာတွင် ဥများပေါက်လာပြီး သားလောင်းများကို နွေရာသီကုန်သည်အထိ အစာကျွေးရသည်။ သားလောင်းများကို Glowworms (မီးလင်းသည့် ပိုးကောင်) ဟုခေါ်သည်။ (not to be confused with the distinct beetle family Phengodidae or the fly genus Arachnocampa). lampyrid သားလောင်းများ၏ မျက်စိသည် ရိုးရှင်းသည်။ glowworm ဟူသော ဝေါ်ဟာရကို အရွယ်ရောက်ကောင်များနှင့် Lampyris noctiluca ကဲ့သို့သော ဥရောပ မျိုးစိတ်များ၏ သားလောင်းများ အတွက်လည်း အသုံးပြုသည်။ ဥရောပရှိ မပျံသန်းနိုင်သော အရွယ်ရောက် အမများသာလျှင် တောက်ပစွာ လင်းပြီး ပျံသန်းနိုင်သော အထီးများသည် ပျော့ပြောင်းပြီး ပြတ်တောင်းပြတ်တောင်း လင်းသည်။
ပိုးစုန်းကြူးများသည် ပိုးလောင်းအဆင့်တွင် ဆောင်းခိုတတ်ကြသည်။ အချို့မျိုးစိတ်များသည် နှစ်ပေါင်းများစွာကြာသည်။တမ်းပလိတ်:Clarify အချို့သည် မြေအောက်တွင် တွင်းများတူး၍ ဆောင်းခိုကြပြီး သစ်ခေါက်အတွင်း သို့မဟုတ် အောက်ဖက်တွင် နေ၍လည်း ဆောင်းခိုတတ်ကြသည်။ နွေဦးကာလ ရောက်မှသာ ပေါ်ထွက်လာသည်။ ခရုများ၊ တီကောင်များ၊ အင်းဆက်များကို ရက်သတ္တပတ်များစွာ စားသုံးပြီးနောက် တစ်ပတ်မှ နှစ်ပတ်ခွဲ အဖို့ ပိုးတုန်းလုံးဖြစ်လာပြီး အရွယ်ရောက်ကောင်များ ဖြစ်လာကြသည်။ မျိုးစိတ် အများစု၏ သားလောင်းများသည် အခြား ပိုးလောက်လမ်း ကုန်းခရုနှင့် ပတ်ကျိများကို စားသည်။ အချို့သည် အစာခြေအရည်ကို သားကောင်ဆီသို့ တိုက်ရိုက်ပို့ဆောင်ပေးသော မြောင်းပါသည့် အောက်မေးရိုး (ကိုက်ရန်၊ တုပ်ရန် ပါးစပ်ပိုင်း) ပါရှိသည်။ ဥရောပ မီးလင်းသည့် ပိုးတောင်မာ ကဲ့သို့သော Lampyris noctiluca တွင် ပါးစပ်မရှိပါ။ အခြား အရွယ်ရောက်ကောင်များ ဝတ်မှုန်နှင့် ဝတ်ရည် စားသုံးစဉ်တွင် အချို့သည် အမဲလိုက်စားသည်။
ကျောရိုးရှိ သားရဲတိရစ္ဆာန်များအတွက် ပိုးစုန်းကြူး အများစုသည် မနှစ်မြို့ဖွယ်ကောင်းသည်။ lucibufagins ဟုလူသိများသော steroid pyrones အုပ်စုတစ်စုကြောင့် ဖြစ်ရာ ၎င်းသည် အဆိပ် ရှိသည့် ဖားပြုတ်တွင် တွေ့ရသည့် cardiotonic bufadienolides နှင့်ဆင်တူသည်။[၁၃]
လူတွေက ပိုးစုန်းကြူး ဆိုတဲ့ နာမည်ကို ကောင်းကောင်းသိကြပါတယ်။ ဒါပေမယ့် သူတို့ကိုယ်ပေါ်က အလင်းရောင် ဘာကြောင့်ထွက်ရသလဲဆိုတာကိုတော့ မသိကြပါဘူး။ ပိုးစုန်းကြူးတွေရဲ့ ဝမ်းဗိုက်အောက်မှာ အလင်းထွက်တဲ့ အောင်ဂင်များ ရှိပါတယ်။ ပိုးစုန်းကြူးတွေဟာ အောက်စီဂျင်ကို စုပ်ယူပြီး စပါယ်ရှင် ဆဲလ်တွေထဲမှာ ဓာတုဓာတ်ပြုမှုတွေဖြစ်ပြီး luciferin လို့ ခေါ်တဲ့ ဓာတုပစ္စည်းထွက်လာပါတယ်။ ဒီ luciferin က အလင်းထုတ်လွှတ်နိုင်ပေမယ့် အပူတော့ မထွက်ပါဘူး။
ပိုးစုန်းကြူးတွေဟာ မျိုးနွယ်စု အလိုက် အလင်းထုတ်လွှတ်ပုံ မတူကြပါဘူး။ မှိတ်တုတ် မှိတ်တုတ် လုပ်နေတာဟာ မိတ်လိုက်ဖို့ အဖော်ရှာနေကြတာပါ။ ပိုးစုန်းကြူးတွေရဲ့ အလင်းကို လင်းလိုက် မှိတ်လိုက်ဖြစ်အောင် ဘယ်လိုလုပ်သလဲဆိုတာကို သိပ္ပံပညာရှင်တွေကတော့ နားမလည်နိုင်သေးပါဘူး။ ပိုးစုန်းကြူးတွေဟာ အလင်းရောင် မှိတ်တုတ် မှိတ်တုတ် ဖြစ်အောင်လုပ်ပြီး အခြားသတ္တဝါတွေကို ခြောက်လှန့်တဲ့ ခုခံကာကွယ်ရေးနည်းအဖြစ်လည်း သုံးပါသေးတယ်။
ပိုးစုန်းကြူး သည် ပျံသန်းနိုင်သည့် အင်းဆက် သတ္တဝါ အမျိုးအစားဖြစ်ပြီး Lampyridae မျိုးနွယ်စုတွင် ပါဝင်သည်။ သားကောင်ဖမ်းခြင်း သို့မဟုတ် ဆည်းဆာချိန်အတွင်း မိတ်လိုက်ရန် ဆွဲဆောင်ရာတွင် ထင်ရှားသည့် အပူဓာတ်မပါသည့် အလင်းရောင်ကြောင့် ၎င်းတို့ကို ပိုးစုန်းကြူး သို့မဟုတ် လျှပ်ပြက်သည့် ကြမ်းပိုးခေါ်ကြသည်။ ပိုးစုန်းကြူးများက အနီအောက်ရောင်ခြည် သို့မဟုတ် ခရမ်းလွန်လှိုင်း မပါဝင်သော "အလင်းအေး" ကို ထုတ်လွှတ်ပေးသည်။ ၎င်းဓာတုနည်းဖြင့် အလင်းရောင်ကို ဝမ်းဗိုက်အောင်ပိုင်းမှ အဝါရောင်၊ အစိမ်းရောင် သို့မဟုတ် ဖြူဖတ်ဖြူရော် အနီရောင် ဖြစ်နိုင်သည် လှိုင်းအလျား ၅၁၀ မှ ၅၆၀ နာနိုမီတာ နှင့်အတူထုတ်လွှတ်ပေးသည်။
ပိုးစုန်းကြူး မျိုးစိတ်ပေါင်း ၂၁၀၀ ခန့် ကို သမပိုင်းဇုန် နှင့် အပူပိုင်းရာသီဥတုများတွင် တွေ့ရှိပြီးဖြစ်သည်။ အတော်များများကို စိုစွတ်သောရာသီဥတု၊ တောအုပ်၊ သားလောင်းများအတွက် အစာအရင်းအမြစ်ပေါများသောနေရာဒေသတွင် တွေ့ရသည်။ ဥရောပအာရှနှင့် အခြားနေရာများတွင် အလင်းရောင် ထုတ်လွှတ်သော သားလောင်း ကို "glowworms" ဟုခေါ်သည်။ အမေရိကတွင် "glow worm" ကို Phengodidae ဟုလည်းရည်ညွှန်းသည်။ နယူးဇီလန်နှင့် ဩစတေးလျတွင် "glow worm" ဝေါဟာရကို အပူဓာတ်မပါရှိဘဲ အလင်းရောင်ထုတ်လွှတ်ခြင်းများစွာသော ပိုးစုန်းကြူး အမနှင့် အထီးမျိုးစိတ်များမှာ ပျံသန်းနိုင်သောစွမ်းရည်များရှိကြသည်၊ သို့သော် အချို့သော အမ မျိုးစိတ်များမှာ ပျံသန်းနိုင်စွမ်းမရှိပါ။ ပူနွေးတဲ့ နေရာမျိုးစုံမှာ ရှင်သန်နေထိုင်ကြပါတယ်။ ပိုးစုန်းကြူးတွေဟာ စိုထိုင်းမှုကို နှစ်သက်ပြီး အာရှနှင့် အမေရိကတွေရဲ့ ပူနွေးတဲ့ ဒေသတွေမှာ နေထိုင်တတ်ကြပါတယ်။ ခြောက်သွေ့တဲ့ ဒေသတွေမှာဆိုရင် စိုစွတ်နေတဲ့ နေရာတွေမှာ ပိုးစုန်းကြူးတွေကို တွေ့ရပါတယ်။
အမတွေဟာ ဥတွေကို မြေကြီးပေါ်မှာ ဥတတ်ပြီး ဥမှ ပေါက်လာတဲ့ သားလောင်းတွေကို အရွယ်ရောက်ပြီး ပိုးစုန်းကြူးတွေက ပန်းဝတ်မှုန်ဝတ်ရည်တွေကို အကုန်မစားပဲ သားလောင်းတွေကို ကျွေးပါတယ် တဲ့။