မက္ကာဒေးမီးယား (အင်္ဂလိပ်: Macadamia) သည် အပင်မျိုးရင်း Proteaceae တွင် ပါဝင်ပြီး ဩစတြေးလျ၏ တိုင်းရင်းအပင် မျိုးစိတ်လေးမျိုး၏ မျိုးစု (genus) အမည် ဖြစ်သည်။[၁][၂] ယင်းအပင်တို့၏ မူရင်းဒေသမှာ ကွင်းစလန်ပြည်နယ် အရှေ့တောင်ပိုင်းနှင့် နယူးဆောက်သ်ဝေးလ်စ်ပြည်နယ် အရှေ့မြောက်ပိုင်းတို့ ဖြစ်သည်။ အပင်၏ အသီးဖြစ်သော macadamia nuts /ˌmækəˈdeɪmiə/ (သို့မဟုတ် "macadamia") ကို စီးပွားရေးအရ တင်ပို့ရောင်းချကြသည်။ အခြားခေါ်ဝေါ်သော အမည်များမှာ Queensland nut, bush nut, maroochi nut, bauple nut, နှင့် Hawaii nut တို့ ဖြစ်သည်။[၃] ဩစတြေးလျ အာဘိုရီဂျီနယ် ဘာသာစကားအရ အသီးကို bauple, gyndl, jindilli,[၃] နှင့် boombera ဟူ၍လည်း သိကြသည်။ ယခင်က ဆက်စပ်နေပြီး ပေါက်ရောက်ရာဒေသ ကွဲပြားသော မျိုးစိတ်များကို Macadamia မျိုးစုတွင် ထည့်သွင်းခဲ့ကြသည်။[၂] ၂၀၀၈ ခုနှစ်တွင် တွေ့ရှိသော မျိုးဗီဇနှင့် အပင်ရုပ်သွင်ဗေဒ လေ့လာမှုများအရ ယင်းတို့သည် Macadamia မျိုးစုနှင့် ကွဲပြားကြောင်း ပြသနိုင်ခဲ့ပြီး ယခင်ရုပ်သွင်ဗေဒ လေ့လာမှုများနှင့် အပြန်အလှန် ဆက်စပ်မှု နည်းပါးကြောင်း တွေ့ရှိခဲ့သည်။[၂] ယခင်က Macadamia မျိုးစုတွင် ပါဝင်ခဲ့ပြီး မက္ကာဒေးမီးယားအဖြစ် ယေဘုယျ ခေါ်ဝေါ်နေနိုင်ပြီး ပေါက်ရောက်ရာဒေသကွဲပြားသော မျိုးစိတ်များ၏ လက်ရှိ သိပ္ပံအမည်များမှာ
မက္ကာဒေးမီးယားသည် အမြဲစိမ်းအပင်မျိုးစိတ်ဖြစ်ပြီး ၂–၁၂ မီတာ (၇–၄၀ ပေ) အမြင့် ရှိတတ်သည်။ အရွက်များသည် သုံးရွက်မှ ခြောက်ရွက်အထိ အပင်ကို ပတ်၍ ထွက်ပြီး ပုံသဏ္ဌာန်မှာ လှံထိပ်ဖျားပုံ မှ ဘဲဥချွန်ပုံ သို့မဟုတ် ဘဲဥပုံ ဖြစ်ကာ ၆–၃၀ စင်တီမီတာ (၂–၁၀ လက်မ) ရှည်ပြီး အကျယ် ၃–၁၃ စင်တီမီတာ (၁–၅ လက်မ) ရှိသည်။ ပန်းပွင့်များသည် အရှည်လိုက်၊ သေးသွယ်သော အချောင်းသဏ္ဌာန်ပွင့်ကာ ၅–၃၀ စင်တီမီတာ (၂–၁၀ လက်မ) ရှည်လျားပြီး ပန်းပွင့်တစ်ခုချင်းစီသည် အရှည် ၁၀–၁၅ မီလီမီတာ (၀.၄–၀.၆ လက်မ) ရှိပြီး အဖြူမှ ပန်းရောင် သို့မဟုတ် ခရမ်းရောင်ဖြစ်သည်။ အသီးမှာ အခွံမာသီးအမျိုးအစား ဖြစ်ပြီး ထိပ်ချွန်ကာ အစေ့ တစ်စေ့ သို့မဟုတ် နှစ်စေ့ ပါဝင်သည်။
စကော့-ဩစတြေးလျ ဓာတုဗေဒပညာရှင်၊ ဆေးပညာသင်ကြားသူနှင့် နိုင်ငံရေးသမား ဂျွန် မက္ကာဒမ်ကို ဂုဏ်ပြုသောအားဖြင့် ဂျာမန်-ဩစတြေးလျ ရုက္ခဗေဒပညာရှင် ဖာဒီနန် ဗွန် မြူးလာ က ၁၈၅၇ ခုနှစ်တွင် Macadamia မျိုးစု အမည်ကို ပေးခဲ့သည်။[၄]
မက္ကာဒေးမီးယား အပင်သည် ကိုင်းဆက်ကိုင်းကူးခြင်းဖြင့် မျိုးပွားနိုင်ပြီး ၇ နှစ်မှ ၁၀ ကြာသည်အထိ စီးပွားဖြစ် အသီးများ ထုတ်လုပ်နိုင်ခြင်း မရှိပေ။ သို့သော် အသီးစတင်ဖြစ်ထွန်းလာပါက နှစ် ၁၀၀ ကျော်တိုင်အောင် သီးပွင့်နိုင်သည်။ မက္ကာဒေးမီးယားပင်များသည် မြေဩဇာကောင်းပြီး၊ ကောင်းမွန်စွာ စီးဆင်းနိုင်သော မြေ၊ မိုးရေချိန် ၁,၀၀၀–၂,၀၀၀ မီလီမီတာ (၄၀–၈၀ လက်မ) နှင့် အပူချိန် ၁၀ ဒီဂရီ စင်တီဂရိတ် (၅၀ ဒီဂရီ ဖာရင်ဟိုက်) အောက် မရောက်သော (စတင်ဖြစ်ထွန်းပြီးပါက ဆီးနှင်းအနည်းငယ်ဒဏ် ခံနိုင်သည်)၊ သင့်တင့်သော အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ် (၈၀ ဒီဂရီ ဖာရင်ဟိုက်) တို့တွင် ဖြစ်ထွန်းသည်။ အမြစ်များသည် တိမ်ပြီး အပင်များသည် မုန်တိုင်းဒဏ်ကြောင့် ပြိုလဲနိုင်သလို အပင်အမြစ်ရောဂါ Phytophthora ကို ခံနိုင်ရည် မရှိပေ။
၂၀၁၅ ခုနှစ်တွင် တောင်အာဖရိကသည် ကမ္ဘာ့မက္ကာဒေးမီးယားစေ့ ထုတ်လုပ်ခြင်းတွင် ၄၈,၀၀၀ tonne (၅၃,၀၀၀ short ton) ဖြင့် ဦးဆောင်ခဲ့ပြီး ဩစတြေးလျက ၄၀,၀၀၀ tonnes ရှိခဲ့ကာ တစ်ကမ္ဘာလုံး အနေဖြင့် ၁၆၀,၀၀၀ tonne (၁၈၀,၀၀၀ short ton) ထွက်ရှိခဲ့သည်။[၅] မက္ကာဒေးမီးယားကို ဘရာဇီးနိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ကော့စတာရီကာနိုင်ငံ၊ ကင်ညာနိုင်ငံ၊ အစ္စရေးနိုင်ငံ၊ ဘိုလီးဗီးယားနိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ ကိုလံဘီယာနိုင်ငံ၊ ဂွါတီမာလာနိုင်ငံ၊ နှင့် မာလဝီနိုင်ငံတို့တွင် စီးပွားဖြစ် စိုက်ပျိုးကြသည်။
ပထမဆုံး မက္ကာဒေးမီးယား စီးပွားဖြစ် သစ်သီးခြံကို ၁၈၈၀ ဆယ်စုနှစ် အစောပိုင်းတွင် နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်၊ လစ္စမောမြို့ အရှေ့တောင်ဖက် ၁၂ ကီလိုမီတာ (၇.၅ မိုင်)အကွာ Rous Mill တွင် စတင်စိုက်ပျိုးခဲ့ပြီး M. tetraphylla မျိုးစိတ်များ ပါဝင်ခဲ့သည်။[၆] ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစု အစောပိုင်းတို့တွင် ဩစတြေးလျနိုင်ငံရှိ လုပ်ငန်းငယ်များ တိုးတက်မှုများ အပြင် မက္ကာဒေးမီးယားကို ၁၉၂၀ ဆယ်စုနှစ်တွင် ဟာဝိုင်ယီ၌ စီးပွားဖြစ် စိုက်ခင်းများအဖြစ် တိုးချဲ့စိုက်ပျိုးလာခဲ့ကြသည်။ ၁၈၈၂ ခုနှစ်တွင် ဟာဝိုင်ယီသို့ မက္ကာဒေးမီးယားအစေ့များကို ဝီလျံ ဟားဘတ် ပါဗစ် က စတင် တင်သွင်းခဲ့သည်။[၇] ဟာဝိုင်ယီထွက် မက္ကာဒေးမီးယားသည် နိုင်ငံတကာတွင် လူသိများလာခဲ့သည်။ သို့သော် ပိုလျှံစွာထုတ်လုပ်ရာမှ ဈေးနှုန်းနည်းပါးမှုကြောင့် ၂၀၀၆ ခုနှစ်တွင် ဟာဝိုင်ယီရှိ မက္ကာဒေးမီးယား ထုတ်လုပ်မှုများ ကျဆင်းခဲ့သည်။[၈]
အစေ့များသည် တန်ဖိုးရှိသော အစာသီးထွက်များဖြစ်ပြီး Macadamia integrifolia, Macadamia ternifolia နှင့် Macadamia tetraphylla မျိုးစိတ် သုံးမျိုးသာလျှင် စီးပွားရေးအရ အရေးပါသည်။ ကျန်မျိုးစိတ်ဖြစ်သော M. jansenii သည် အဆိပ်အတောက်ဖြစ်နိုင်ပြီး အစေ့ကို စားခြင်းဖြင့် ဆိုင်ယာနို ဂလိုင်ကိုဆိုက် အဆိပ်သင့်ခြင်း ဖြစ်နိုင်သည်။[ကိုးကားချက်လိုသည်]
မက္ကာဒေးမီးယားအစေ့ ၁၀၀ ဂရမ်တွင် ကယ်လိုရီ ၇၄၀ ပါဝင်ပြီး သိုင်ရာမင်း (နေ့စဉ်လိုအပ်ချက်၏ ၁၀၄%)၊ ဗီတာမင်ဘီ-၆ (နေ့စဉ်လိုအပ်ချက်၏ ၂၁%)၊ မက်ဂနိစ် (နေ့စဉ်လိုအပ်ချက်၏ ၁၉၅%)၊ သံဓာတ် (နေ့စဉ်လိုအပ်ချက်၏ ၂၈%)၊ မဂ္ဂနီစီယမ် (နေ့စဉ်လိုအပ်ချက်၏ ၃၇%)၊ ဖော့စဖရပ် (နေ့စဉ်လိုအပ်ချက်၏ ၂၇%) အပါအဝင် (နေ့စဉ်လိုအပ်ချက်၏ ၂၀% သို့ ယင်းထက်ကျော်သော) အခြေခံလိုအပ်သော အာဟာရဓာတ်များစွာ ကြွယ်ဝသည်။ မက္ကာဒေးမီးယားအစေ့များတွင် အဆီဓာတ် ၇၆%၊ အမျှင်ဓာတ် ၉% အပါအဝင် ကာဘိုဟိုက်ဒရိတ် ၁၄%၊ နှင့် ပရိုတိန်း ၈% ပါဝင်သည်။ (ဇယားတွင် ကြည့်ပါ)
အခြားသော စားသုံးနိုင်သည့် အခွံမာသီးများနှင့် ယှဉ်ပါက မက္ကာဒေးမီးယားများသည် အဆီဓာတ်ကြွယ်ဝပြီး ပရိုတိန်းနည်းပါးသည်။ ယင်းတို့တွင် မိုနိုမပြည့်ဝအဆီများ (စုစုပေါင်းပါဝင်မှုများ၏ ၅၉%) များပြားစွာ ပါဝင်သည်။[၉]
မက္ကာဒေးမီးယားသည် ခွေးများအတွက် အဆိပ် ဖြစ်စေသည်။ စားသုံးခြင်းဖြင့် စားသုံးပြီး ၁၂ နာရီအတွင်း နောက်ခြေများ ဆိုင်းတွသွားကာ မရပ်နိုင် ဖြစ်စေသည်။[၁၀] ခွေးအရွယ်အစားနှင့် စားသုံးသည့် ပမာဏအပေါ် မူတည်၍ ကြွက်သားများ တုန်ခြင်း၊ အဆစ်များနာခြင်းနှင့် ဆိုးရွားစွာ ဗိုက်နာခြင်းများ ဖြစ်စေနိုင်သည်။ အဆိပ်များပြားပါက ရောဂါလက္ခဏာများ သက်သာစေရန် ဘိန်းပါသော ဆေးဝါးများ လိုအပ်နိုင်ပြီး အပြည့်အဝ နလန်ထူနိုင်ရန် ၂၄ နာရီမှ ၄၈ နာရီအထိ ကြာတတ်သည်။[၁၀]
မက္ကာဒေးမီးယား (အင်္ဂလိပ်: Macadamia) သည် အပင်မျိုးရင်း Proteaceae တွင် ပါဝင်ပြီး ဩစတြေးလျ၏ တိုင်းရင်းအပင် မျိုးစိတ်လေးမျိုး၏ မျိုးစု (genus) အမည် ဖြစ်သည်။ ယင်းအပင်တို့၏ မူရင်းဒေသမှာ ကွင်းစလန်ပြည်နယ် အရှေ့တောင်ပိုင်းနှင့် နယူးဆောက်သ်ဝေးလ်စ်ပြည်နယ် အရှေ့မြောက်ပိုင်းတို့ ဖြစ်သည်။ အပင်၏ အသီးဖြစ်သော macadamia nuts /ˌmækəˈdeɪmiə/ (သို့မဟုတ် "macadamia") ကို စီးပွားရေးအရ တင်ပို့ရောင်းချကြသည်။ အခြားခေါ်ဝေါ်သော အမည်များမှာ Queensland nut, bush nut, maroochi nut, bauple nut, နှင့် Hawaii nut တို့ ဖြစ်သည်။ ဩစတြေးလျ အာဘိုရီဂျီနယ် ဘာသာစကားအရ အသီးကို bauple, gyndl, jindilli, နှင့် boombera ဟူ၍လည်း သိကြသည်။ ယခင်က ဆက်စပ်နေပြီး ပေါက်ရောက်ရာဒေသ ကွဲပြားသော မျိုးစိတ်များကို Macadamia မျိုးစုတွင် ထည့်သွင်းခဲ့ကြသည်။ ၂၀၀၈ ခုနှစ်တွင် တွေ့ရှိသော မျိုးဗီဇနှင့် အပင်ရုပ်သွင်ဗေဒ လေ့လာမှုများအရ ယင်းတို့သည် Macadamia မျိုးစုနှင့် ကွဲပြားကြောင်း ပြသနိုင်ခဲ့ပြီး ယခင်ရုပ်သွင်ဗေဒ လေ့လာမှုများနှင့် အပြန်အလှန် ဆက်စပ်မှု နည်းပါးကြောင်း တွေ့ရှိခဲ့သည်။ ယခင်က Macadamia မျိုးစုတွင် ပါဝင်ခဲ့ပြီး မက္ကာဒေးမီးယားအဖြစ် ယေဘုယျ ခေါ်ဝေါ်နေနိုင်ပြီး ပေါက်ရောက်ရာဒေသကွဲပြားသော မျိုးစိတ်များ၏ လက်ရှိ သိပ္ပံအမည်များမှာ
နယူးကယ်လီဒိုးနီးယား တွင် တွေ့ရလေ့ရှိသော မျိုးစု Virotia ကို ၁၉၇၅ တွင် မျိုးစိတ်တစ်ခုသာရှိပြီး၊ ၂၀၀၈ တွင် တွေ့ရလေ့ရှိသော မျိုးစိတ် ၆ မျိုးစလုံး ကွင်းစလန်ပြည်နယ် အရှေ့မြောက်ပိုင်း၊ ဩစတြေးလျတွင် တွေ့ရလေ့ရှိသော မျိုးစုနှင့် မျိုးစိတ် Catalepidia heyana ကွင်းစလန်ပြည်နယ် အရှေ့မြောက်ပိုင်းနှင့် ကိတ်ယောက်ကျွန်းဆွယ်တို့တွင် တွေ့ရလေ့ရှိသော Lasjia ၏ မျိုးစိတ်များ (ဩစတြေးလျတွင် မြောက်ပိုင်းမက္ကာဒေးမီးယားများအဖြစ် ဖော်ပြသုံးနှုန်းနေဆဲ ဖြစ်သည်။) ဆူလာဝေစီကျွန်း (အင်ဒိုနီးရှားနိုင်ငံ) တွင် တွေ့ရလေ့ရှိသော Lasjia ၏ မျိုးစိတ် နှစ်ခု၊ (၁၉၅၂ အမည် M. hildebrandii နှင့် ၁၉၉၅ အမည် M. erecta)မက္ကာဒေးမီးယားသည် အမြဲစိမ်းအပင်မျိုးစိတ်ဖြစ်ပြီး ၂–၁၂ မီတာ (၇–၄၀ ပေ) အမြင့် ရှိတတ်သည်။ အရွက်များသည် သုံးရွက်မှ ခြောက်ရွက်အထိ အပင်ကို ပတ်၍ ထွက်ပြီး ပုံသဏ္ဌာန်မှာ လှံထိပ်ဖျားပုံ မှ ဘဲဥချွန်ပုံ သို့မဟုတ် ဘဲဥပုံ ဖြစ်ကာ ၆–၃၀ စင်တီမီတာ (၂–၁၀ လက်မ) ရှည်ပြီး အကျယ် ၃–၁၃ စင်တီမီတာ (၁–၅ လက်မ) ရှိသည်။ ပန်းပွင့်များသည် အရှည်လိုက်၊ သေးသွယ်သော အချောင်းသဏ္ဌာန်ပွင့်ကာ ၅–၃၀ စင်တီမီတာ (၂–၁၀ လက်မ) ရှည်လျားပြီး ပန်းပွင့်တစ်ခုချင်းစီသည် အရှည် ၁၀–၁၅ မီလီမီတာ (၀.၄–၀.၆ လက်မ) ရှိပြီး အဖြူမှ ပန်းရောင် သို့မဟုတ် ခရမ်းရောင်ဖြစ်သည်။ အသီးမှာ အခွံမာသီးအမျိုးအစား ဖြစ်ပြီး ထိပ်ချွန်ကာ အစေ့ တစ်စေ့ သို့မဟုတ် နှစ်စေ့ ပါဝင်သည်။
စကော့-ဩစတြေးလျ ဓာတုဗေဒပညာရှင်၊ ဆေးပညာသင်ကြားသူနှင့် နိုင်ငံရေးသမား ဂျွန် မက္ကာဒမ်ကို ဂုဏ်ပြုသောအားဖြင့် ဂျာမန်-ဩစတြေးလျ ရုက္ခဗေဒပညာရှင် ဖာဒီနန် ဗွန် မြူးလာ က ၁၈၅၇ ခုနှစ်တွင် Macadamia မျိုးစု အမည်ကို ပေးခဲ့သည်။