မြားဆိပ်ဖား (အင်္ဂလိပ်: Poison dart frog; အခြားအမည် dart-poison frog၊ poison frog; ယခင်အမည် poison arrow frog) ကို ဗဟိုအမေရိကနှင့် တောင်အမေရိကတွင် တွေ့ရပြီး အရောင်တောက်ပ၍ ၄ စင်တီမီတာခန့် ရှည်သည်။ တောက်ပသောအရောင်သည် အဆိပ်ရှိကြောင်းကို ပြသည်။ ဖား၏ အရည်ပြားမှရသောအဆိပ်ကို ဒေသခံလူများက သုတ်လိမ်းပြီး အသုံးပြုကြသည်။ အဖိုသည် ဥများကို ကျောတွင် သယ်ဆောင်ထားသည်။ ဖားလောင်းသည် ဖွံ့ဖြိုးသည်အထိ ဖခင်ကို တွယ်ကပ်နေသည်။