dcsimg

ကျိတ်ပင် ( Birmanca )

wikipedia emerging languages tarafından sağlandı

ကျိတ်ပင်သည် မြက်ပင်ကြီးတစ်မျိုးဖြစ်၍ စိမ့်မြေများ၌ ဖြစ်ထွန်းလေ့ရှိသည်။ဂျာမီနီးမျိုးရင်းဝင်ဖြစ်၍ ရုက္ခဗေဒအလိုအရ ကွားလက် ခရိုင်းမား ဂျိုဗီဟု ခေါ်သည်။

တစ်ခါတစ်ရံ ၆ ပေမှ ၈ ပေအထိမြင့်၍ အရွက်များ အောက်သို့ငိုက်ကျနေသည်။ ပင်စည်အထက်ပိုင်းမှ အပွင့်နှင့် အသီးများ အခိုင်လိုက် ထွက်သည်။ ဖြူပြာပြာအရောင်ရှိသော အစေ့များမှာ မာကျောလှပကာ ယင်းတို့ကို ပုတီးသီကုံး၍ သော်၎င်း၊ လွယ်အိတ်စသည်တို့တွင် တန်ဆာဆင်၍သော်၎င်း အသုံးပြုကြသည်။ တရုတ်လူမျိုးတို့ကမူ ကျိတ်စေ့ကို ဆေးဖက် ဝင်သည်ဟု ဆိုကာ ကျိတ်ပင်ကို စိုက်ပျိုးသည်။

[၂]

ကိုးကား

  1. The Plant List: A Working List of All Plant Species, retrieved 6 August 2017
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
lisans
cc-by-sa-3.0
telif hakkı
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ

ကျိတ်ပင်: Brief Summary ( Birmanca )