ပုံသဏ္ဌာန် :
အပင်-- တစ်နှစ်ခံ ပင်ငယ်မျိုး ဖြစ်သည်။ အမြင့် တစ်ပေ ခန့် အထိ ရှိတတ်ပြီး အမြဲစိမ်း ပင်ဖြစ်သည်။ ပင်စည်လုံး အလွန် သေးငယ်၍ ချောမွေ့သည်။
အရွက်--- အရွက်များ လွန်စွာ ဖြာထွက်သည်။ ရွက်နားဝိုက် များ အလွန်ဟိုက် ကာ အဝိုက် ၃ ခု သို့မဟုတ် ၃ ခု ထက် ပို၍ ပါရှိ ၏ ။ အဝိုက်များသည် အပ်ချည် ကဲ့သို့ ကွဲဖြာနေ သည်။ ရွက်ပြား အစိမ်း ဖျော့ရောင် ရှိသည်။
အပွင့်--- အလွန်သေး ငယ်၍ အဖြူရောင် ရှိသည်။ ထီးပုံ ပန်းခိုင်မှ ပွင့်သည်။
အသီး--- ညိုဝါရောင် ရှိ၍ လုံးသည်။ အက်ကွဲသီး ဖြစ်၍ အခန်း လေးများတွင် တစ်ဖက်လုံး တစ်ဖက်ခွက် နေသော အစေ့လေး ပါရှိ၏ ။ အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ : အစေ့။
မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြား တွင်ပေါက်ရောက်သည်။ ရာသီ အလိုက် စိုက်ပျိုး ပင်ဖြစ်သည်။
စိုက်ပျိုးပုံ-
(က) စိုက်ခင်းမြေပြင်ခြင်း။ အလျား ပေ ၂၀ ၊ အနံ ၄ပေ ရှိ စိုက်ခင်း ဘောင်များကို မြေကောင်းစွာ မှုန့်ညက်အောင် ပြုပြင်ရန် လိုသည်။ မြေအား ပြုပြင်ပြီး နောက် နောက်ချေး မြေဆွေး ရသလောက် ဖြင့် ရောမွှေရမည်။
(ခ) စိုက်ပျိုးခြင်း။ ပေ ၂၀ ၊ ၄ ပေရှိ စိုက်ခင်း တစ်ဘောင် အတွက် မျိုးစေ့ တစ်ကျပ်သား ခန့် လိုသည်။ မစိုက်ပျိုး မီ မျိုးစေ့ များကို ကောင်းစွာ ခြောက်သွေ့စေ ပြီး ၇ရက်ခန့် ရေစိမ်၍ ဖောက်ထားပြီး မှ ကြဲပက် စိုက်ပျိုး သင့်သည်။ အပင် ထူလျှင် ၄ လက်မခြား ခန့် လက်ကြားခွဲ ပေးသင့်သည်။
(ဂ) ရေစုပ်ခြင်း ။ စိုက်ပျိုး ပြီး လျှင် ပြီးချင်း ကောက်ရိုးဖြင့် စိုက်ဘောင်အား ခပ်ပါးပါး ဖုံးအုပ်၍ ရေရွှဲရွှဲ လောင်းပေးရ မည်။ နေ့စဉ် မှန်မှန် ရေလောင်းပေး သင့်သည်။
(ဃ) ဆွတ်ခူးခြင်း။ စိုက်ပြီး ၄၅ ရက်မှ ရက်ပေါင်း ၆၀ အတွင်း နုတ်ယူ စားသုံးနိုင်သည်။
အသုံးဝင်ပုံ : အာနိသင်။ ။ မြန်မာဆေး ကျမ်းများ အလိုအရ နံနံစေ့သည် ဖန် ၊ ခါး ၊ စပ်၏ ။ ပူ၏ ။ ကြေကျက်က ချို၏ ။ ဝမ်းမီးကို တောက်စေ၏ ။ အစာကို ကြေကျက်စေ၏ ။ နှုတ်မြိန်စေ၏ ။ သွေး၊ လေ ၊ သလိပ် သုံးပါးကို ငြိမ်းစေ၏ ။
အသုံးပြုပုံ-
အစေ့