dcsimg

ဆတ်နွား ( birman )

fornì da wikipedia emerging languages

ဆတ်နွားကို အီလန်တောဆိတ်၊ အီလန်ဆိတ်သမင်၊ ရိုးရိုးအီလန်၊ တောင်ပိုင်းအီလန် စသည်ဖြင့်လည်း ခေါ်တွင်သေးသည်။ အာဖရိကတိုက်အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ လွင်ပြင် များနှင့် ဆာဗားနားမြက်ခင်းပြင်များတွင် ကျက်စားသော တောဆိတ် (အန်တီလုပ်) တစ်မျိုး ဖြစ်သည်။ ဘိုဗီဒေးမျိုးရင်းတွင် ပါဝင်သည်။[၁]

တောဆိတ် (အန်တီလုပ်)အများစုသည် ‌ကြောက်ရွံ့တတ်‌သော်လည်း ‌မြေကြီး မှ ပခုံးစွန်းအထိ ၆ ‌ပေမြင့်သည့် ဆတ်နွားမှာ မ‌ကြောက်ရွံ့‌ချေ။ ဆတ်နွားများသည် ရာနှင့်ချီ၍ အုပ်ဖွဲ့ကာ ကျက်စားကြသည်။ ဆတ်နွားသည် မြင့်လည်းမြင့်၊ အား လည်း‌ကောင်းသည်။ ဆတ်နွား၏ ‌သေးသွယ်၍ တွန့်လိမ်လျက်ရှိ‌သော ဦးချိုသည် ၂ ‌ပေခွဲရှည်၏။ မျက်စိနှစ်လုံး ကြား နဖူး‌ပေါ်၌ အ‌မွေးမည်းများစုလျက်ရှိသည်။ ထိုအ‌မွေးမည်းများသည် ဆတ်နွားအဖို၌သာရှိ၍ အမတွင်မရှိ‌ချေ။ အမ၏ ဦးချိုသည် အဖို၏ဦးချိုထက် ပို၍ ရှည်‌သော်လည်း အဖို၏ဦးချို‌လောက် မခိုင်ခံ့‌ချေ။

[၂]

ဆတ်နွားများကို အီသီယိုးပီးယားကင်ညာတောင်ဆူဒန်တန်ဇန်းနီးယားယူဂန်ဒါရဝမ်ဒါဘူရွန်ဒီကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံဘော့ဆွာနာလီဆိုသိုဆွာဇီလန်မာလဝီမိုဇမ်ဘစ်နမီးဘီးယားဇမ်ဘီယာဇင်ဘာဘွေတောင်အာဖရိကနိုင်ငံများတွင် တွေ့ရသည်။

ကိုးကား

  1. Pappas, LA; Elaine Anderson; Lui Marnelli; Virginia Hayssen (5 July 2002). "Taurotragus oryx" (PDF). Mammalian Species 689: 1–5. doi:10.1644/1545-1410(2002)689<0001:TO>2.0.CO;2.
  2. မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)
licensa
cc-by-sa-3.0
drit d'autor
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ

ဆတ်နွား: Brief Summary ( birman )

fornì da wikipedia emerging languages

ဆတ်နွားကို အီလန်တောဆိတ်၊ အီလန်ဆိတ်သမင်၊ ရိုးရိုးအီလန်၊ တောင်ပိုင်းအီလန် စသည်ဖြင့်လည်း ခေါ်တွင်သေးသည်။ အာဖရိကတိုက်အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ လွင်ပြင် များနှင့် ဆာဗားနားမြက်ခင်းပြင်များတွင် ကျက်စားသော တောဆိတ် (အန်တီလုပ်) တစ်မျိုး ဖြစ်သည်။ ဘိုဗီဒေးမျိုးရင်းတွင် ပါဝင်သည်။