dcsimg

စက္ကဝက်ငှက် ( البورمية )

المقدمة من wikipedia emerging languages
 src=
စက္ကဝက်ငှက်
 src=
Pelecanus onocrotalus

စက္ကဝက်သည် ဝံပိုငှက်တစ်မျိုး ဖြစ်သည်။ ပါဏဗေဒအမည် မှာ 'ပယ်လီကင်နပ် အိုနိုကရိုတဲလပ်' (Pelecanus onocrotalus) ဖြစ်သည်။ အလျား ၆၅ လက်မရှိ၏။ စက္ကဝက်အကောင်ကြီးသည် သာမန်အချိန်တွင် ဖြူ၍ သားပေါက်ချိန်၌ ပန်းရောင်ရှိ၏။ ငှက်ကလေးသည် အောက်ပိုင်းတွင် သစ်ကျားသီးရောင် ရှိ၏။ ယင်းတို့သည် သုံးနှစ် လေးနှစ်ကြာမှ အမွေးအတောင် ပြည့်စုံကြသည်။

စက္ကဝက်ငှက်သည် ဥရောပတိုက် အရှေ့တောင်ပိုင်း ဒေသ များနှင့် အာရှတိုက်ရှိ အချို့ဒေသများတွင် သားပေါက်သည်။ ဆောင်းရာသီတွင် ထိုငှက်များကို တရုတ်နိုင်ငံတောင်ပိုင်း၊ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ပါးရှင်းပင်လယ်ကွေ့၊ အာဖရိက တိုက်တို့တွင် တွေ့ရသည်ဟု ဆို၏။ မြန်မာနိုင်ငံသို့ ဆောင်း ရာသီတွင်သာ လာရောက်သည်။ ဩဂုတ်လတွင် ရောက်လာ၍ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွင် ထွက်ခွာသွားကြသည်ဟု ထင် မှတ်ရသည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)
ترخيص
cc-by-sa-3.0
حقوق النشر
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ
النص الأصلي
زيارة المصدر
موقع الشريك
wikipedia emerging languages

စက္ကဝက်ငှက်: Brief Summary ( البورمية )

المقدمة من wikipedia emerging languages
 src= စက္ကဝက်ငှက်  src= Pelecanus onocrotalus

စက္ကဝက်သည် ဝံပိုငှက်တစ်မျိုး ဖြစ်သည်။ ပါဏဗေဒအမည် မှာ 'ပယ်လီကင်နပ် အိုနိုကရိုတဲလပ်' (Pelecanus onocrotalus) ဖြစ်သည်။ အလျား ၆၅ လက်မရှိ၏။ စက္ကဝက်အကောင်ကြီးသည် သာမန်အချိန်တွင် ဖြူ၍ သားပေါက်ချိန်၌ ပန်းရောင်ရှိ၏။ ငှက်ကလေးသည် အောက်ပိုင်းတွင် သစ်ကျားသီးရောင် ရှိ၏။ ယင်းတို့သည် သုံးနှစ် လေးနှစ်ကြာမှ အမွေးအတောင် ပြည့်စုံကြသည်။

စက္ကဝက်ငှက်သည် ဥရောပတိုက် အရှေ့တောင်ပိုင်း ဒေသ များနှင့် အာရှတိုက်ရှိ အချို့ဒေသများတွင် သားပေါက်သည်။ ဆောင်းရာသီတွင် ထိုငှက်များကို တရုတ်နိုင်ငံတောင်ပိုင်း၊ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ပါးရှင်းပင်လယ်ကွေ့၊ အာဖရိက တိုက်တို့တွင် တွေ့ရသည်ဟု ဆို၏။ မြန်မာနိုင်ငံသို့ ဆောင်း ရာသီတွင်သာ လာရောက်သည်။ ဩဂုတ်လတွင် ရောက်လာ၍ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွင် ထွက်ခွာသွားကြသည်ဟု ထင် မှတ်ရသည်။

ترخيص
cc-by-sa-3.0
حقوق النشر
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ
النص الأصلي
زيارة المصدر
موقع الشريك
wikipedia emerging languages