dcsimg

တောင်ဒေါင်းငှက် ( birman )

fornì da wikipedia emerging languages

တောင်ဒေါင်းငှက် သည် မြေဝပ်ငှက်မျိုးဖြစ်၍ 'ကက်ပရီမာလ ဂျီဖောမီး' မျိုးစဉ်တွင်၎င်း၊ 'ကက်ပရီမာလဂျီဒီး' မျိုးရင်းတွင်၎င်း ပါဝင်သည်။ ဇီဝဗေဒအလိုအားဖြင့် တောင်ဒေါင်းကို 'ယူရိုစ တော့ပိုဒပ်မက်ကရောတစ် စာဗီနီစက်' ဟုခေါ်သည်။ အလျား ၁၆ လက်မခန့်ရှိ၍ ကိုယ်ထည်ကြီးမားသည်။ နားရွက်တွင် အမွှေးစုများရှိခြင်း၊ အတောင်နှင့် အမြီးတို့တွင် အဖြူရောင်မရှိခြင်းတို့ကြောင့် တောင်ဒေါင်းကို အခြားမြေဝပ် ငှက်မျိုးမှ လွယ်ကူစွာ ခွဲခြားသိနိုင်သည်။

ပျံသန်းနေခိုက် 'တူဝီအူး' ဟု သာယာနာပျော်ဖွယ်ရာ ကျယ် လောင်စွာ ပြတ်ပြတ်သားသား အော်လေ့ရှိသည်။ တစ်ခါတစ်ရံ ပထမအသံကို နှစ်ချက်ဆင့်၍ တိုတောင်းစွာ 'တူတူဝီအူး' ဟု အော်သည်။ အော်သံကို နိုဝင်ဘာလမှ ဇွန်လထိ ကြားနိုင်သည်။ အထူးသဖြင့် ဖေဖေါ်ဝါရီလနှင့် မတ်လ၌ လသာသည့်ညများ တွင် တညလုံးကြားနိုင်သည်။

ပဲခူးရိုးမရှိ ကျွန်းတောများတွင် တောင်ဒေါင်းကိုတွေ့ရသည်။ ယင်းတို့သည် နေဝင်ချိန်သို့ရောက်လျှင် အလွန်မြင့်မားစွာ တကွဲတပြား ပျံသန်းလာတတ်ကြသည်။ ထိုသို့ ပျံသန်းလာကြ စဉ် ကြည်လင်ပြတ်သားစွာ လေချွန်သံလုပ်၍ မြည်ကြသည်။ မိုးချုပ်လျှင် အနိမ့်သို့ ဆင်းလာကြသည်။ လုံးဝမှောင်သောအခါ မြေကြီးနှင့် ပေအနည်းငယ်သာခွာ၍ ပျံသန်းကြတော့သည်။

ဂျွမ်းထိုးပျံသန်းလျက် ပိုးကောင်များကို ရှာဖွေစားသောက်တတ် ကြသည်။ တောတွင်း၌ ယင်း၏ သာယာသောအသံကိုသာ မကြားရလျှင် တောင်ဒေါင်းကို သိမ်းငှက်နှင့် ယိုးမှားနိုင်သည်။ သာမန် မြေဝပ်ငှက်ကဲ့သို့ တောင်ဒေါင်းသည် မကြာခဏ နား လေ့မရှိချေ။ နားပြန်လျှင်လည်း မြေကြီးပေါ်၌နေခဲသည်။ ဝါး ပင်နှင့် သစ်ပင်များပေါ်တွင် နားနေတတ်၏။ နားသောအခါ ရင်အောက်ပိုင်းနှင့် ဝမ်းပိုက်တို့ဖြင့်သာနားသည်။ နားနေစဉ် လေချွန်သံကို မကြာခဏပြုလုပ်သည်။ လေချွန်ခါနီးတွင် ဦးခေါင်းကို ရှေ့သို့ ရုတ်တရက် ဆန့်ထုတ်လေ့ရှိသည်။

တောင်ဒေါင်း၏ အရောင်သည် ပတ်ဝန်းကျင်အရောင်နှင့် အလွန်တူသဖြင့် ငှက်ကို ခွဲခြား၍မြင်နိုင်ရန် ခဲယဉ်း သည်။

တောင်ဒေါင်းသည် ဇန္နဝါရီလမှ ဧပြီလအထိ ဥအုလေ့ရှိ သည်။ တမြုံလျှင် တစ်ဥသာရှိသည်။ ဥအရောင်မှာ မလိုင်နှစ် ဖျော့ရောင်ဖြစ်၍ အပြောက်အနည်းငယ်သာပါရှိသည်။ အရှေ့ ဘက်နိုင်ငံများတွင် တောင်ဒေါင်းကို အနှံ့အပြားတွေ့ရသည်။ မြန်မာနိုင်ငံတောင်ခြေရှိ သစ်တောများတွင် အမြဲနေ၍ တောင် မြင့်များပေါ်တွင်ကား နေလေ့မရှိချေ။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )
licensa
cc-by-sa-3.0
drit d'autor
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ

တောင်ဒေါင်းငှက်: Brief Summary ( birman )

fornì da wikipedia emerging languages

တောင်ဒေါင်းငှက် သည် မြေဝပ်ငှက်မျိုးဖြစ်၍ 'ကက်ပရီမာလ ဂျီဖောမီး' မျိုးစဉ်တွင်၎င်း၊ 'ကက်ပရီမာလဂျီဒီး' မျိုးရင်းတွင်၎င်း ပါဝင်သည်။ ဇီဝဗေဒအလိုအားဖြင့် တောင်ဒေါင်းကို 'ယူရိုစ တော့ပိုဒပ်မက်ကရောတစ် စာဗီနီစက်' ဟုခေါ်သည်။ အလျား ၁၆ လက်မခန့်ရှိ၍ ကိုယ်ထည်ကြီးမားသည်။ နားရွက်တွင် အမွှေးစုများရှိခြင်း၊ အတောင်နှင့် အမြီးတို့တွင် အဖြူရောင်မရှိခြင်းတို့ကြောင့် တောင်ဒေါင်းကို အခြားမြေဝပ် ငှက်မျိုးမှ လွယ်ကူစွာ ခွဲခြားသိနိုင်သည်။

ပျံသန်းနေခိုက် 'တူဝီအူး' ဟု သာယာနာပျော်ဖွယ်ရာ ကျယ် လောင်စွာ ပြတ်ပြတ်သားသား အော်လေ့ရှိသည်။ တစ်ခါတစ်ရံ ပထမအသံကို နှစ်ချက်ဆင့်၍ တိုတောင်းစွာ 'တူတူဝီအူး' ဟု အော်သည်။ အော်သံကို နိုဝင်ဘာလမှ ဇွန်လထိ ကြားနိုင်သည်။ အထူးသဖြင့် ဖေဖေါ်ဝါရီလနှင့် မတ်လ၌ လသာသည့်ညများ တွင် တညလုံးကြားနိုင်သည်။

ပဲခူးရိုးမရှိ ကျွန်းတောများတွင် တောင်ဒေါင်းကိုတွေ့ရသည်။ ယင်းတို့သည် နေဝင်ချိန်သို့ရောက်လျှင် အလွန်မြင့်မားစွာ တကွဲတပြား ပျံသန်းလာတတ်ကြသည်။ ထိုသို့ ပျံသန်းလာကြ စဉ် ကြည်လင်ပြတ်သားစွာ လေချွန်သံလုပ်၍ မြည်ကြသည်။ မိုးချုပ်လျှင် အနိမ့်သို့ ဆင်းလာကြသည်။ လုံးဝမှောင်သောအခါ မြေကြီးနှင့် ပေအနည်းငယ်သာခွာ၍ ပျံသန်းကြတော့သည်။

ဂျွမ်းထိုးပျံသန်းလျက် ပိုးကောင်များကို ရှာဖွေစားသောက်တတ် ကြသည်။ တောတွင်း၌ ယင်း၏ သာယာသောအသံကိုသာ မကြားရလျှင် တောင်ဒေါင်းကို သိမ်းငှက်နှင့် ယိုးမှားနိုင်သည်။ သာမန် မြေဝပ်ငှက်ကဲ့သို့ တောင်ဒေါင်းသည် မကြာခဏ နား လေ့မရှိချေ။ နားပြန်လျှင်လည်း မြေကြီးပေါ်၌နေခဲသည်။ ဝါး ပင်နှင့် သစ်ပင်များပေါ်တွင် နားနေတတ်၏။ နားသောအခါ ရင်အောက်ပိုင်းနှင့် ဝမ်းပိုက်တို့ဖြင့်သာနားသည်။ နားနေစဉ် လေချွန်သံကို မကြာခဏပြုလုပ်သည်။ လေချွန်ခါနီးတွင် ဦးခေါင်းကို ရှေ့သို့ ရုတ်တရက် ဆန့်ထုတ်လေ့ရှိသည်။

တောင်ဒေါင်း၏ အရောင်သည် ပတ်ဝန်းကျင်အရောင်နှင့် အလွန်တူသဖြင့် ငှက်ကို ခွဲခြား၍မြင်နိုင်ရန် ခဲယဉ်း သည်။

တောင်ဒေါင်းသည် ဇန္နဝါရီလမှ ဧပြီလအထိ ဥအုလေ့ရှိ သည်။ တမြုံလျှင် တစ်ဥသာရှိသည်။ ဥအရောင်မှာ မလိုင်နှစ် ဖျော့ရောင်ဖြစ်၍ အပြောက်အနည်းငယ်သာပါရှိသည်။ အရှေ့ ဘက်နိုင်ငံများတွင် တောင်ဒေါင်းကို အနှံ့အပြားတွေ့ရသည်။ မြန်မာနိုင်ငံတောင်ခြေရှိ သစ်တောများတွင် အမြဲနေ၍ တောင် မြင့်များပေါ်တွင်ကား နေလေ့မရှိချေ။