မုန်လာ ဥဝါပင်သည် အမ်ဗယ်လီဖာရီး(Umbelliferae)[၁] မျိုးရင်းတွင် ပါဝင်၍ ယင်း၏ ရုက္ခဗေဒအမည်မှာ ဒေါကပ် ကာရိုတာ(Daucus carota) ဖြစ်သည်။ မုန်လာဥဝါဟု ခေါ်သော်လည်း မုန်လာဥ၊ ဂေါ်ဘီထုပ်၊ ပန်းမုန်လာ၊ မုန်ညင်းစသည်တို့နှင့် မျိုးရင်းချင်း မတူချေ။ မုန်လာဥဝါ အမျိုး ပေါင်း ၂ဝ ခန့် ရှိရာ၊ အားလုံးလောက်၏ မူလပေါက်ရာ ဒေသည် မြေထဲပင်လယ် နိုင်ငံများဖြစ်သည်။ လူတို့အသုံးများသော မုန်လာ ဥဝါများသည် ၂ နှစ်ခံပင် ဖြစ်၍ ကမ္ဘာဟောင်း မြောက်သမပိုင်း ဒေသတို့တွင် အလေ့ကျပေါက်ကြသည်။ ထိုအလေ့ကျပေါက်မုန်လာ ဥဝါ အရိုင်း တစ်ကမ္ဘာလုံးတွင် အယဉ်ဖြစ်အောင် ပြုပြင် စိုက်ပျိုး၍ ဥကို စားသုံးကြသည်။
အရိုင်းပင်များ၏ ဥများသည် သေးသွယ်၍ မာပြီးလျှင် အနံ့ အလွန်ပြင်းသည်။ ထိုအရိုင်းပင်ကို ယဉ်အောင်ပြုပြင်စိုက်ပျိုး၍ ရသောဥများမှာ တုတ်၍ အသားများပြီးလျှင် အနံ့မှာ အရိုင်းဥ လောက် မပြင်းချေ။ အရောင်မှာ ဝါ၏။ ဤမုန်လာမျိုးမှာ မြေဩဇာ များလွန်းလျှင် အမြစ်များ ခွတတ်သဖြင့် မစိုက်ပျိုးမီ မျိုးစေ့ကို ခြောက်သွေ့သော သဲနှင့်ဖြစ်စေ၊ ပြာနှင့် ဖြစ်စေ၊ ရောစပ်၍ စိုက်ပါက တစ်စေ့နှင့်တစ်စေ့ မပူးကပ်ဘဲ တညီတညာတည်း ပေါက်လာကြ သည်။ မုန်လာဥဝါပင် အယဉ်ထဲ၌လည်း ဥအရွယ်အစား၊ ပုံသဏ္ဌာန်၊ အရောင်အဆင်း အမျိုးမျိုးကွဲပြားလျက်ရှိသည်။ ဥအဖြူ မျိုးထက် အနီမျိုးနှင့် အဝါမျိုးများတွင်အာဟာရဓာတ် ပို၍ များ သည်။ အရွက်နှင့် ပင်စည်ကို အသားဟင်း ချက်သည့်အခါ အနံ့မွှေးအောင် အပေါ်မှ ဖြူးပေးလေ့ရှိသည်။ မုန်လာဥဝါသည် သကြားဓာတ် အလွန်ကြွယ်ဝသည့်ပြင်၊ သံဓာတ် လည်း များစွာ ပါဝင်၏။ ထိုကြောင့် ကလေးများအတွက် အဖိုးတန်သော အစာဖြစ်သည်။ သကြားဓာတ်နှင့် သံဓာတ်များအ ပြင် ဗီတာမင်အေ(Vitamin A)နှင့် ဘီ ၁(Vitamin B1) ဓာတ်များလည်း အများအပြား ပါရှိ ၏။ ဗီတာမင် ဘီ ၂(Vitamin B2) နှင့် စီ(Vitamin C) ဓာတ်တို့ကား အနည်းငယ်စီသာပါရှိ သည်။ မုန်လာဥဝါတွင်ပါသော ဗီတာမင် ဓာတ်များသည် မျက်စိ အတွက်ကောင်းသည်။ ဗီတာမင် အေ ဓာတ်သည် ကြက်မျက်စိ ရောဂါကို ကာကွယ်နိုင်သည်။ မုန်လာဥဝါကို အစိမ်းဖြစ်စေ၊ ပြုတ် ၍ဖြစ်စေ၊ သုတ်၍ ဖြစ်စေ စားကြသည်။ ဂျာမနီနိုင်ငံတွင် မုန် လာဥဝါကို ကျွတ်အောင် လှော်၍ ညက်အောင် ကြိတ်ပြီးလျှင် ကော်ဖီအစာ အသုံးပြုကြသည်။[၂]
မုန်လာ ဥဝါပင်သည် အမ်ဗယ်လီဖာရီး(Umbelliferae) မျိုးရင်းတွင် ပါဝင်၍ ယင်း၏ ရုက္ခဗေဒအမည်မှာ ဒေါကပ် ကာရိုတာ(Daucus carota) ဖြစ်သည်။ မုန်လာဥဝါဟု ခေါ်သော်လည်း မုန်လာဥ၊ ဂေါ်ဘီထုပ်၊ ပန်းမုန်လာ၊ မုန်ညင်းစသည်တို့နှင့် မျိုးရင်းချင်း မတူချေ။ မုန်လာဥဝါ အမျိုး ပေါင်း ၂ဝ ခန့် ရှိရာ၊ အားလုံးလောက်၏ မူလပေါက်ရာ ဒေသည် မြေထဲပင်လယ် နိုင်ငံများဖြစ်သည်။ လူတို့အသုံးများသော မုန်လာ ဥဝါများသည် ၂ နှစ်ခံပင် ဖြစ်၍ ကမ္ဘာဟောင်း မြောက်သမပိုင်း ဒေသတို့တွင် အလေ့ကျပေါက်ကြသည်။ ထိုအလေ့ကျပေါက်မုန်လာ ဥဝါ အရိုင်း တစ်ကမ္ဘာလုံးတွင် အယဉ်ဖြစ်အောင် ပြုပြင် စိုက်ပျိုး၍ ဥကို စားသုံးကြသည်။
အရိုင်းပင်များ၏ ဥများသည် သေးသွယ်၍ မာပြီးလျှင် အနံ့ အလွန်ပြင်းသည်။ ထိုအရိုင်းပင်ကို ယဉ်အောင်ပြုပြင်စိုက်ပျိုး၍ ရသောဥများမှာ တုတ်၍ အသားများပြီးလျှင် အနံ့မှာ အရိုင်းဥ လောက် မပြင်းချေ။ အရောင်မှာ ဝါ၏။ ဤမုန်လာမျိုးမှာ မြေဩဇာ များလွန်းလျှင် အမြစ်များ ခွတတ်သဖြင့် မစိုက်ပျိုးမီ မျိုးစေ့ကို ခြောက်သွေ့သော သဲနှင့်ဖြစ်စေ၊ ပြာနှင့် ဖြစ်စေ၊ ရောစပ်၍ စိုက်ပါက တစ်စေ့နှင့်တစ်စေ့ မပူးကပ်ဘဲ တညီတညာတည်း ပေါက်လာကြ သည်။ မုန်လာဥဝါပင် အယဉ်ထဲ၌လည်း ဥအရွယ်အစား၊ ပုံသဏ္ဌာန်၊ အရောင်အဆင်း အမျိုးမျိုးကွဲပြားလျက်ရှိသည်။ ဥအဖြူ မျိုးထက် အနီမျိုးနှင့် အဝါမျိုးများတွင်အာဟာရဓာတ် ပို၍ များ သည်။ အရွက်နှင့် ပင်စည်ကို အသားဟင်း ချက်သည့်အခါ အနံ့မွှေးအောင် အပေါ်မှ ဖြူးပေးလေ့ရှိသည်။ မုန်လာဥဝါသည် သကြားဓာတ် အလွန်ကြွယ်ဝသည့်ပြင်၊ သံဓာတ် လည်း များစွာ ပါဝင်၏။ ထိုကြောင့် ကလေးများအတွက် အဖိုးတန်သော အစာဖြစ်သည်။ သကြားဓာတ်နှင့် သံဓာတ်များအ ပြင် ဗီတာမင်အေ(Vitamin A)နှင့် ဘီ ၁(Vitamin B1) ဓာတ်များလည်း အများအပြား ပါရှိ ၏။ ဗီတာမင် ဘီ ၂(Vitamin B2) နှင့် စီ(Vitamin C) ဓာတ်တို့ကား အနည်းငယ်စီသာပါရှိ သည်။ မုန်လာဥဝါတွင်ပါသော ဗီတာမင် ဓာတ်များသည် မျက်စိ အတွက်ကောင်းသည်။ ဗီတာမင် အေ ဓာတ်သည် ကြက်မျက်စိ ရောဂါကို ကာကွယ်နိုင်သည်။ မုန်လာဥဝါကို အစိမ်းဖြစ်စေ၊ ပြုတ် ၍ဖြစ်စေ၊ သုတ်၍ ဖြစ်စေ စားကြသည်။ ဂျာမနီနိုင်ငံတွင် မုန် လာဥဝါကို ကျွတ်အောင် လှော်၍ ညက်အောင် ကြိတ်ပြီးလျှင် ကော်ဖီအစာ အသုံးပြုကြသည်။