အရှေ့တောင်အာရှတွင် တွေ့ရလေ့ ရှိသည်။ ရေကူးကျွမ်းကျင်ပြီး အမြီးသည် ခန္ဓာကိုယ်ထက် ပိုရှည်သည်။ ၃ နှစ်မှ ၅ နှစ်ခွဲတွင် အရွယ်ရောက်ပြီး ၁၅၉ ရက်မှ ၁၇၈ ရက် အထိ ကိုယ်ဝန်ဆောင်သည်။ အသက် ၁၅ လ မှ ၁၈ လတွင် သားခွဲသည်။ သက်တမ်းမှာ (၂၀) နှစ် ဖြစ်သည်။
သိပ္ပံအမည် မာကကာ ဖက်စီကျူလရစ် (Macaca Facicularis)၊ မြန်မာအမည် မျောက်တံငါသည် ကမ္ဘာဟောင်းမျောက် (Old World Monkeys) ဖြစ်ကာ၊ ၎င်းတို့၏ ကျက်စားနေထိုင်ပုံကို တည်၍ မြိတ်နှင့် အနီးတဝိုက်တွင် ဒေသခံများက ကဏန်းစားမျောက်ဟူ၍ လည်းကောင်း၊ ဒီရေဝင်ရောက်သော လမုတောများတွင် နေထိုင်သည့် ဒေသအခေါ် ဇရပ်တောမျောက်ဟူ၍ လည်းကောင်း လူသိများပြီးလျှင်၊ ရခိုင်ဘက်တွင် ဒီကျင်းမျောက်ဟု ခေါ်သည်။ ပြုန်းတီးမှု အန္တရာယ် နည်းသေးသည့် သတ္တဝါ (Least Concern, LC) အဖြစ် အပြည်ပြည်ဆိုင်ရာ ထိန်းသိမ်းမှုအဆင့် သတ်မှတ်ထားသော်လည်း ၎င်းတို့ရှင်သန်ရာ သဘာဝပတ်ဝန်းကျင်၌ အရေအတွက် အားဖြင့် လျင်မြန်စွာ ဆုတ်ယုတ်လျက် ရှိသည်။ မျိုးစဉ် ပရိုင်းမိတ်စ် (Primates)၊ မျိုးရင်း စာကိုပစ်သီစီဒေး (Cercopithecidae)တွင် ပါဝင်သော ကဏန်းစားမျောက်သည် အမြီး အတိုအရှည် ကွဲပြားခြင်း၊ ပါးစောင်အိတ် ကြီးမားခြင်း၊ မေးရိုးရှည်ခြင်း၊ သန်မာသည့် သွားများ ရှိခြင်းနှင့် အစာအိမ် တည်ဆောက်ပုံ ရိုးစင်းခြင်းတို့ကြောင့် မျောက်ပတီး၊ မျောက်စပ်၊ မျောက်တံငါတို့နှင့် အတူ တဆင့်ခံ မျိုးရင်း စာကိုပစ်သီစီနေး(Sub family: Cercopithecinae) ၌ ထည့်သွင်းထားကာ၊ မျောက်တံငါ (Long-tailed macaque) အပါဝင် မျောက်ပတီး (Pig-tailed macaque)၊ မျောက်မြီးတို (Stump-tailed macaque)၊ အာသံမျောက် (Assamese macaque) နှင့် မျောက်စပ် (Rhesus macaque) ဟူ၍ မေကာ့မျောက် (macaques) (Genus: Macaca) ၅ မျိုး ရှိသည်။ ပင်လယ်ကမ်းခြေနှင့် နီးသော သစ်တောများ၌ နေထိုင်သော မျောက်တံငါများကို ဒီရေရောက်ရှိရာ မြစ်ကြောင်းတလျှောက်ရှိ သစ်တောများတွင်လည်း တွေ့နိုင်သည်။ အမြီးအလွန် ရှည်လျား၍ အခြား မေကာ့မျောက်မျိုးများမှ ခွဲခြားထုတ်နိုင်ပြီး၊ ခန္ဓာကိုယ် အမွေးအရောင်မှာ မွဲပြာရောင်မှ နီညိုရောင် ရှိကာ၊ ဝမ်းဗိုက် အရောင်ဖျော့သည်။ ငယ်ထိပ်နှင့် နဖူး၌ အမွေး နောက်ပြန်လှန် ထွက်ပြီး၊ ဦးစွန်ဖျား ချွန်သည်။
အထီးတွင် အသက်ကြီးသော မျောက်စပ်နှင့် အာသံမျောက်တို့ကဲ့သို့ နှုတ်ခမ်းမွေး ပါးသိုင်းမွေးများ ရှည်ရှည် ပေါက်ပြီး ရေကူး ကျွမ်းကျင်သည်။ နေ့ဘက် လှုပ်ရှားသွားလာသော သတ္တဝါများ အုပ်စု တစုလျှင် အကောင်ရေ ၁၀ ကောင်မှ ၄၅ ကောင်ထိ ပါဝင်ကာ၊ အကောင် ၈၈၀ ထိ အုပ်စုကြီးလည်း ရှိသည်။ လူများ အန္တရာယ် မပြုသော ဘုရားကျောင်းကန်များ အနီးတွင် မှီတင်း နေထိုင်တတ်သည်။
မာကကာ ဖက်စီကျူလရစ် တွင် တဆင့်ခံ မျိုးစိတ် ၁၀ မျိုး ရှိကာ၊ မာကကာ ဖက်စီကူလရစ် ဆောရုစ် (Macaca fascicularis saureus)ကို ဘင်္ဂလားဒေ့ရှ် အနောက်တောင်ပိုင်း Tenaaf ကျွန်းဆွယ်၊ မြန်မာတောင်ပိုင်း မြိတ်ကျွန်းစုနှင့် ထိုင်းနိုင်ငံ အနောက်အလယ်ပိုင်းတို့၌ တွေ့ရသည်။
အစုံစားသတ္တဝါများ ဖြစ်ပြီး၊ ကုန်းပေါ်၌ သစ်ပင်၊ သစ်ကိုင်းသစ်ခက်များအတွင်း လှုပ်ရှားသွားလာ နေထိုင်ကြသည်။ ပင်လယ်နှင့် နီးသော သစ်တောများ၌ နေထိုင်သည့်အခါ ဒီရေကျချိန်တွင် ပင်လယ်ကမ်းစပ်ရှိ ကျောက်တုံး ကျောက်ဆောင်များပေါ်တွင် တင်ကျန်ခဲ့သော ခရု၊ ကဏန်း၊ ကမာ၊ ယောက်သွားများကို လည်းကောင်း၊ ဒီရေရောက်ပင်များမှ အသီး၊ အစေ့၊ အပွင့်များကို လည်းကောင်း စားသုံးသည်။ ခရု၊ ကဏန်း၊ ကမာ၊ ယောက်သွား စသည့် သတ္တဝါများ၏ ကိုယ်ကို ဖုံးအုပ်ထားသော အပြင်ခွံများကို ကျောက်တုံးကျောက်ခဲများနှင့် ထုခွဲ စားသုံးခြင်း၊ ချွန်ထက်သော ခရုများကို အသုံးပြု၍ ကျောက်ဆောင်များကြား ထိုးဆွ အစာ ရှာဖွေခြင်း၊ ကျောက်ဆောင်၌ တွယ်ကပ်နေသော ခရင်းကောင်များကို ခွာစားခြင်း၊ ကျောက်ခဲ မရှိသည့်အခါ ခရင်းကောင် (ဒေသခေါ် ဂျင်းကောင်)များကို လက်နှစ်ဖက်ဖြင့် ထုရိုက်စားသုံးခြင်းတို့ကို ပြုလုပ်လေ့ ရှိသည်။[၇]
အရှေ့တောင်အာရှတွင် တွေ့ရလေ့ ရှိသည်။ ရေကူးကျွမ်းကျင်ပြီး အမြီးသည် ခန္ဓာကိုယ်ထက် ပိုရှည်သည်။ ၃ နှစ်မှ ၅ နှစ်ခွဲတွင် အရွယ်ရောက်ပြီး ၁၅၉ ရက်မှ ၁၇၈ ရက် အထိ ကိုယ်ဝန်ဆောင်သည်။ အသက် ၁၅ လ မှ ၁၈ လတွင် သားခွဲသည်။ သက်တမ်းမှာ (၂၀) နှစ် ဖြစ်သည်။
သိပ္ပံအမည် မာကကာ ဖက်စီကျူလရစ် (Macaca Facicularis)၊ မြန်မာအမည် မျောက်တံငါသည် ကမ္ဘာဟောင်းမျောက် (Old World Monkeys) ဖြစ်ကာ၊ ၎င်းတို့၏ ကျက်စားနေထိုင်ပုံကို တည်၍ မြိတ်နှင့် အနီးတဝိုက်တွင် ဒေသခံများက ကဏန်းစားမျောက်ဟူ၍ လည်းကောင်း၊ ဒီရေဝင်ရောက်သော လမုတောများတွင် နေထိုင်သည့် ဒေသအခေါ် ဇရပ်တောမျောက်ဟူ၍ လည်းကောင်း လူသိများပြီးလျှင်၊ ရခိုင်ဘက်တွင် ဒီကျင်းမျောက်ဟု ခေါ်သည်။ ပြုန်းတီးမှု အန္တရာယ် နည်းသေးသည့် သတ္တဝါ (Least Concern, LC) အဖြစ် အပြည်ပြည်ဆိုင်ရာ ထိန်းသိမ်းမှုအဆင့် သတ်မှတ်ထားသော်လည်း ၎င်းတို့ရှင်သန်ရာ သဘာဝပတ်ဝန်းကျင်၌ အရေအတွက် အားဖြင့် လျင်မြန်စွာ ဆုတ်ယုတ်လျက် ရှိသည်။ မျိုးစဉ် ပရိုင်းမိတ်စ် (Primates)၊ မျိုးရင်း စာကိုပစ်သီစီဒေး (Cercopithecidae)တွင် ပါဝင်သော ကဏန်းစားမျောက်သည် အမြီး အတိုအရှည် ကွဲပြားခြင်း၊ ပါးစောင်အိတ် ကြီးမားခြင်း၊ မေးရိုးရှည်ခြင်း၊ သန်မာသည့် သွားများ ရှိခြင်းနှင့် အစာအိမ် တည်ဆောက်ပုံ ရိုးစင်းခြင်းတို့ကြောင့် မျောက်ပတီး၊ မျောက်စပ်၊ မျောက်တံငါတို့နှင့် အတူ တဆင့်ခံ မျိုးရင်း စာကိုပစ်သီစီနေး(Sub family: Cercopithecinae) ၌ ထည့်သွင်းထားကာ၊ မျောက်တံငါ (Long-tailed macaque) အပါဝင် မျောက်ပတီး (Pig-tailed macaque)၊ မျောက်မြီးတို (Stump-tailed macaque)၊ အာသံမျောက် (Assamese macaque) နှင့် မျောက်စပ် (Rhesus macaque) ဟူ၍ မေကာ့မျောက် (macaques) (Genus: Macaca) ၅ မျိုး ရှိသည်။ ပင်လယ်ကမ်းခြေနှင့် နီးသော သစ်တောများ၌ နေထိုင်သော မျောက်တံငါများကို ဒီရေရောက်ရှိရာ မြစ်ကြောင်းတလျှောက်ရှိ သစ်တောများတွင်လည်း တွေ့နိုင်သည်။ အမြီးအလွန် ရှည်လျား၍ အခြား မေကာ့မျောက်မျိုးများမှ ခွဲခြားထုတ်နိုင်ပြီး၊ ခန္ဓာကိုယ် အမွေးအရောင်မှာ မွဲပြာရောင်မှ နီညိုရောင် ရှိကာ၊ ဝမ်းဗိုက် အရောင်ဖျော့သည်။ ငယ်ထိပ်နှင့် နဖူး၌ အမွေး နောက်ပြန်လှန် ထွက်ပြီး၊ ဦးစွန်ဖျား ချွန်သည်။
အထီးတွင် အသက်ကြီးသော မျောက်စပ်နှင့် အာသံမျောက်တို့ကဲ့သို့ နှုတ်ခမ်းမွေး ပါးသိုင်းမွေးများ ရှည်ရှည် ပေါက်ပြီး ရေကူး ကျွမ်းကျင်သည်။ နေ့ဘက် လှုပ်ရှားသွားလာသော သတ္တဝါများ အုပ်စု တစုလျှင် အကောင်ရေ ၁၀ ကောင်မှ ၄၅ ကောင်ထိ ပါဝင်ကာ၊ အကောင် ၈၈၀ ထိ အုပ်စုကြီးလည်း ရှိသည်။ လူများ အန္တရာယ် မပြုသော ဘုရားကျောင်းကန်များ အနီးတွင် မှီတင်း နေထိုင်တတ်သည်။
မာကကာ ဖက်စီကျူလရစ် တွင် တဆင့်ခံ မျိုးစိတ် ၁၀ မျိုး ရှိကာ၊ မာကကာ ဖက်စီကူလရစ် ဆောရုစ် (Macaca fascicularis saureus)ကို ဘင်္ဂလားဒေ့ရှ် အနောက်တောင်ပိုင်း Tenaaf ကျွန်းဆွယ်၊ မြန်မာတောင်ပိုင်း မြိတ်ကျွန်းစုနှင့် ထိုင်းနိုင်ငံ အနောက်အလယ်ပိုင်းတို့၌ တွေ့ရသည်။
အစုံစားသတ္တဝါများ ဖြစ်ပြီး၊ ကုန်းပေါ်၌ သစ်ပင်၊ သစ်ကိုင်းသစ်ခက်များအတွင်း လှုပ်ရှားသွားလာ နေထိုင်ကြသည်။ ပင်လယ်နှင့် နီးသော သစ်တောများ၌ နေထိုင်သည့်အခါ ဒီရေကျချိန်တွင် ပင်လယ်ကမ်းစပ်ရှိ ကျောက်တုံး ကျောက်ဆောင်များပေါ်တွင် တင်ကျန်ခဲ့သော ခရု၊ ကဏန်း၊ ကမာ၊ ယောက်သွားများကို လည်းကောင်း၊ ဒီရေရောက်ပင်များမှ အသီး၊ အစေ့၊ အပွင့်များကို လည်းကောင်း စားသုံးသည်။ ခရု၊ ကဏန်း၊ ကမာ၊ ယောက်သွား စသည့် သတ္တဝါများ၏ ကိုယ်ကို ဖုံးအုပ်ထားသော အပြင်ခွံများကို ကျောက်တုံးကျောက်ခဲများနှင့် ထုခွဲ စားသုံးခြင်း၊ ချွန်ထက်သော ခရုများကို အသုံးပြု၍ ကျောက်ဆောင်များကြား ထိုးဆွ အစာ ရှာဖွေခြင်း၊ ကျောက်ဆောင်၌ တွယ်ကပ်နေသော ခရင်းကောင်များကို ခွာစားခြင်း၊ ကျောက်ခဲ မရှိသည့်အခါ ခရင်းကောင် (ဒေသခေါ် ဂျင်းကောင်)များကို လက်နှစ်ဖက်ဖြင့် ထုရိုက်စားသုံးခြင်းတို့ကို ပြုလုပ်လေ့ ရှိသည်။