dcsimg

အိုပေါ့ဆမ်ကောင် ( Burmese )

provided by wikipedia emerging languages

တမ်းပလိတ်:Automatic taxobox/floating intro

အိုပေါ့ဆမ်ကောင်သည် အမေရိက တိုက်တွင်တွေ့ရသော သားပိုက်ကောင် တစ်မျိုးဖြစ်သည်။ ထူးဆန်းသည့် သားပိုက်ကောင်အမျိုးမျိုးကို ဩစတြေးလျတိုက်နှင့် အနီးတစ်ဝိုက်ရှိ ကျွန်းများတွင်သာ တွေ့ရသော်လည်း အိုပေါ့ဆမ်သားပိုက်ကောင်တစ်မျိုးကိုကား အမေရိကတိုက်၌သာ တွေ့ရသည်။ အိုပေါ့ဆမ်ကောင်သည် မာဆူပီယာလီးယား မျိုးစဉ်မှ ဒိုင်ဒယ်ဖီဒီးမျိုးရင်းတွင် ပါဝင်သည်။ ကင်ဂရူးကောင် ကဲ့သို့ ဝမ်းပိုက်ပြင်ဘက်တွင် သားအိတ်ရှိသော်လည်း ခြေလက် လေးချောင်းစလုံးသည် အရှည်ချင်းညီကြသဖြင့် ကင်ဂရူးကောင် လောက် မခုန်နိုင်ချေ။ မြေပေါ်၌ ကောင်းစွာလမ်းမလျှောက်နိုင် သော်လည်း သစ်ပင်တက်ရာ၌ အလွန်ကျွမ်းကျင်သည်။

အိုပေါ့ဆမ်ကောင်များကို တောင်အမေရိကတိုက်နှင့် ဗဟိုအမေရိကတို့အပြင် အမေရိကန်ပြည်ထောင်စု မြောက်ဘက် အစွန်ဆုံး အပိုင်းများမှတစ်ပါး အခြားနယ်အနှံ့အပြားတွင် တွေ့ ရသည်။ အချို့ အိုပေါ့ဆမ်ကောင်များသည် ကြွက်ဝမ်းဖြူ လောက်ငယ်၍ လူသိအများဆုံး ဗာဂျင်းနီးယားအိုပေါ့ဆမ် ကောင် များမှာကား ကြောင်လောက်ပင်ကြီးသည်။ ယင်းတို့၏ အမွေးအတွင်းပိုင်းသည် ချော၍တို၏။ အပြင်ပိုင်းမှာ ကြမ်း တမ်း၍ ရှည်ပြီးလျှင် ပြာလဲ့လဲ့အရောင်ရှိသောကြောင့် သစ်ပင်ပေါ်၌ရှိနေ သည့်အခါ အလွယ်တကူ မမြင်နိုင်ချေ။ ဦးခေါင်းမှာသေးပြီး လျှင် နှုတ်သီးချွန်၏။ ကြွက်မြီးနှင့်တူသည့် ရှည်သောအမြီးရှိ ရာ အချို့မျောက်များကဲ့သို့ ယင်းအမြီးကို သစ်ပင်သစ်ကိုင်း တက်ရာ တွယ်ရာ၌ အသုံးပြုသည်။[၃]

ကိုးကား

  1. Gardner, A. (2005). Mammal Species of the World: A Taxonomic and Geographic Reference, 3rd, Johns Hopkins University Press, 3–18. ISBN 978-0-8018-8221-0. OCLC 62265494
  2. Francisco Goin (2007). "Los Metatheria sudamericanos de comienzos del Neógeno (Mioceno Temprano, Edad-mamífero Colhuehuapense). Parte I: Introducción, Didelphimorphia y Sparassodonta". Ameghiniana 44 (1): 29–71.
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
license
cc-by-sa-3.0
copyright
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ

အိုပေါ့ဆမ်ကောင်: Brief Summary ( Burmese )

provided by wikipedia emerging languages

တမ်းပလိတ်:Automatic taxobox/floating intro

အိုပေါ့ဆမ်ကောင်သည် အမေရိက တိုက်တွင်တွေ့ရသော သားပိုက်ကောင် တစ်မျိုးဖြစ်သည်။ ထူးဆန်းသည့် သားပိုက်ကောင်အမျိုးမျိုးကို ဩစတြေးလျတိုက်နှင့် အနီးတစ်ဝိုက်ရှိ ကျွန်းများတွင်သာ တွေ့ရသော်လည်း အိုပေါ့ဆမ်သားပိုက်ကောင်တစ်မျိုးကိုကား အမေရိကတိုက်၌သာ တွေ့ရသည်။ အိုပေါ့ဆမ်ကောင်သည် မာဆူပီယာလီးယား မျိုးစဉ်မှ ဒိုင်ဒယ်ဖီဒီးမျိုးရင်းတွင် ပါဝင်သည်။ ကင်ဂရူးကောင် ကဲ့သို့ ဝမ်းပိုက်ပြင်ဘက်တွင် သားအိတ်ရှိသော်လည်း ခြေလက် လေးချောင်းစလုံးသည် အရှည်ချင်းညီကြသဖြင့် ကင်ဂရူးကောင် လောက် မခုန်နိုင်ချေ။ မြေပေါ်၌ ကောင်းစွာလမ်းမလျှောက်နိုင် သော်လည်း သစ်ပင်တက်ရာ၌ အလွန်ကျွမ်းကျင်သည်။

အိုပေါ့ဆမ်ကောင်များကို တောင်အမေရိကတိုက်နှင့် ဗဟိုအမေရိကတို့အပြင် အမေရိကန်ပြည်ထောင်စု မြောက်ဘက် အစွန်ဆုံး အပိုင်းများမှတစ်ပါး အခြားနယ်အနှံ့အပြားတွင် တွေ့ ရသည်။ အချို့ အိုပေါ့ဆမ်ကောင်များသည် ကြွက်ဝမ်းဖြူ လောက်ငယ်၍ လူသိအများဆုံး ဗာဂျင်းနီးယားအိုပေါ့ဆမ် ကောင် များမှာကား ကြောင်လောက်ပင်ကြီးသည်။ ယင်းတို့၏ အမွေးအတွင်းပိုင်းသည် ချော၍တို၏။ အပြင်ပိုင်းမှာ ကြမ်း တမ်း၍ ရှည်ပြီးလျှင် ပြာလဲ့လဲ့အရောင်ရှိသောကြောင့် သစ်ပင်ပေါ်၌ရှိနေ သည့်အခါ အလွယ်တကူ မမြင်နိုင်ချေ။ ဦးခေါင်းမှာသေးပြီး လျှင် နှုတ်သီးချွန်၏။ ကြွက်မြီးနှင့်တူသည့် ရှည်သောအမြီးရှိ ရာ အချို့မျောက်များကဲ့သို့ ယင်းအမြီးကို သစ်ပင်သစ်ကိုင်း တက်ရာ တွယ်ရာ၌ အသုံးပြုသည်။

license
cc-by-sa-3.0
copyright
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ