လက်ပံပင်သည် ဗုံဗကေစီအီး မျိုးရင်းတွင် ပါဝင်၍ ယင်း၏ ရုက္ခဗေဒအမည်မှာ ဗုံဗက် မာလဗာရီကမ်ဟုခေါ်သည်။ အမြင့်ပေ ၁၃ဝ အထိရှိ၍ ပင်စည်လုံးပတ်မှာ ၁၂ ပေအထိ ရှိသဖြင့် သစ်ပင်ကြီး မျိုးဖြစ်သည်။ လက်ပံပင်၏ ပင်စည်သည် တစ်ဖြောင့်တည်း တက်သွားပြီးနောက် အတော်မြင့်သော နေရာရောက်မှ အကိုင်းများသည် အခြားအပင်မှ အကိုင်းများကဲ့သို့ ခပ်ထောင်ထောင်မထွက်ဘဲ ပင်စည်နှင့် ထောင့်မှန် ခပ် ကျကျ အလျားလိုက်ထွက်ကြသည်။ အပင်ကြီးလာသည့်အခါ လေဒဏ်၊ မိုးဒဏ်ကို ခံနိုင်စေသည့် အပင်ရင်းမှ မြေထောက်မြစ်ကြီးများ ထွက်လာရာ တစ်ခါတစ်ရံ ၁၂ ပေထိပင် မြင့်ကြသည်။ တစ်လက်မခန့်ရှည်သော ရိုးတံကလေး တစ်ခုတစ်ခုတွင် ရွက်မြွာများ ငါးရွက်မှ ခုနစ်ရွက်အထိရှိ သည်။ နီသောအပွင့်ကြီးများ ပွင့်ကြသည်။
လက်ပံပင်မှ ရွက်ဟောင်း၊ ရွက်ခြောက်တို့သည် နွေအခါ၌ များ သောအားဖြင့် ဖေဖော်ဝါရီလမှ ဧပြီလအထိ ပင်လုံးကျွတ်ကြွေ၍ ရွက်နု ရွက်သစ်များ ထင်ထင်ရှားရှားမထွက်မီ အဖူး၊ အပွင့်တို့ဖြင့် ရဲရဲတောက် ဝေဆာလျက်ရှိ တတ်လေသည်။ ထိုအချိန်အခါမျိုးတွင် ဆက်ရက်ငှက်များ အပါအဝင် ကျေးငှက်အပေါင်းတို့သည် အအုပ်အသင်းဖွဲ့ကာ ပန်းဝတ်ရည်၊ ဝတ်ဆံတို့ကိုလည်းကောင်း၊ ပန်းပွင့်တွင်းရှိ ပိုးမွှားများကိုလည်းကောင်း ဆူဆူညံညံ အလုအယက် စားသောက်လေ့ရှိရကား 'လက်ပံပင်၊ ဆက်ရက် ကျသလို' ဟု ဆိုလေ့ဆိုထရှိကြသည်။ ထို့ပြင် လက်ပံပင်တို့ ဖူးပွင့်ချိန်နှင့် မြန်မာနိုင်ငံအနယ်နယ်ရှိ ခွေးအချို့တို့ ရူးသွပ်ချိန် တိုက်ဆိုင်နေမှုကြောင့် 'လက်ပံဖူးစ၊ခွေးရူးထ' ဟူ၍လည်း ရှေးလူကြီးသူမများ ဆိုစမှတ်ပြုခဲ့ကြ သည်။
လက်ပံသားသည် ဖြူ၍ပွသည်။ ထို့ကြောင့် အရောင်ပျက်လွယ်၊ ပိုးဖျက်လွယ်သဖြင့် ကြာရှည်ခံသော သစ်သားမျိုးမဟုတ်ပေ။ မီးခြစ်နှင့် ကုန်ပစ္စည်းများထည့်ရန် သေတ္တာများ ပြုလုပ်ဖို့အတွက် လက်ပံသားသည် အလွန်အသုံးကျသည်။ မြန်မာနိုင်ငံရှိ စက္ကူလုပ်နိုင်သော သစ်သားများတွင် လက်ပံသားလည်း အပါအဝင်ဖြစ်သည်။ လက်ပံသားကို လှေငယ်များ၊ ရေတန်လျှောက်များနှင့် မသာအလောင်းထည့်သည့် ခေါင်းများစပ်ရာ၌လည်း ကောင်း၊ ကလေးကစားစရာများ၊ သေတ္တာငယ်နှင့် အညံ့စား အိမ်အသုံး အဆောင်များ ပြုလုပ်ရာ၌လည်းကောင်း အသုံးချကြသည်။ ရေစည်များ ပြုလုပ်ရန် လက်ပံသားသည် သင့်တော်သော သစ်သားဖြစ်သည်။ လက်ပံ သားဖြင့် လောင်းလှေများကိုလည်း ပြုလုပ်နိုင်သည်။ လက်ပံပင်မှထွက်သည့် အစေးကို ဝမ်းကျရောဂါဆေးအဖြစ် အသုံးချကြသည်။
အပင်ငယ်မှ အမြစ်များကို ဆေးအဖြစ်အသုံးပြုသည်။ လက်ပံခါးအခေါက်သည် ဆေးဖက်ဝင်သည်။ လက်ပံသီးမှရသော ပိုးကဲ့သို့ ချောမွတ်သည့်လဲကို ခေါင်းအုံးများပြုလုပ်ရာ၌ အသုံးချသည်။ လက်ပံဖူး၊ အပွင့်နှင့် အသီးနုနုများကို ချက်ပြုတ် စားသောက်လေ့ရှိကြသည်။ လက်ပံ ပွင့်သည် မြန်မာတို့ ဟင်းချက်ရာတွင် အရေးပါအရာရောက်သော ပစ္စည်း တစ်ခုဖြစ်၏။ လက်ပံပွင့်ကြွေချိန်တွင် လူများသည် ကောက်ယူ၍ နေလှန်း ပြီးလျှင် မြေအိုးနှင့် သိုလှောင်ထားကာ စားသုံးကြသည်။ လက်ပံပင်တို့သည် နွေရာသီတွင် ပင်လုံးကျွတ် အရွက်ကြွေသဖြင့် လမ်းနံဘေးတစ်လျှောက်၌ အရိပ်ကောင်းရရန်အတွက် စိုက်ပျိုးရန် မသင့်တော်လှပေ။ သို့သော် အရိပ် ကောင်းပေးနိုင်သည့် အပင်များအကြားတွင် လက်ပံပင်ကို စိုက်ထားပါက အဖူးအပွင့်တို့ဖြင့် ဝေဝေဆာဆာရှိနေချိန်တွင် လမ်းမကြီးကိုပို၍ တင့်တယ် စေနိုင်သည်။
လက်ပံပင်ကိုအစေ့မှလည်းကောင်း၊ အကိုင်းဖြတ်၍လည်းကောင်း မျိုးပွားစိုက်ပျိုးနိုင်သည်။ ခြောက်သွေ့သော ဒေသများမှအပ အိန္ဒိယနှင့် မြန်မာနိုင်ငံတစ်ဝှန်းလုံးတွင် လက်ပံပင်ကို တွေ့ရသည်။ လက်ပံပင်သည် မြစ်ကမ်းပါးရှိ နုံးမြေများပေါ်တွင် အများဆုံးဖြစ်ထွန်းသည်။[၃]

လက်ပံပင်ကိုအစေ့မှလည်းကောင်း၊ အကိုင်းဖြတ်၍လည်းကောင်း မျိုးပွားစိုက်ပျိုးနိုင်သည်။ ခြောက်သွေ့သော ဒေသများမှအပ အိန္ဒိယနှင့် မြန်မာနိုင်ငံတစ်ဝှန်းလုံးတွင် လက်ပံပင်ကို တွေ့ရသည်။ လက်ပံပင်သည် မြစ်ကမ်းပါးရှိ နုံးမြေများပေါ်တွင် အများဆုံးဖြစ်ထွန်းသည်။