dcsimg

ကင်ပိမ့်ပင် ( birman )

fourni par wikipedia emerging languages

Indian Spinach (ကင်ပိမ့်)

  • Botany Term : Bassella rubra Linn
  • Species/Family : Chenopodiaceae
 src=
Basella alba is known as 'Alugbati' in the Philippines.
Basella alba-1.JPG

ပုံသဏ္ဌာန်

အပင်

နှစ်ကြာခံနွယ်ပင်မျိုးဖြစ်၍ အခက် အလက် များ ဖြာထွက်၏ ။ ပင်စည်သွယ်ပြီး အလွန် ရှည်သည်။ လက်ယာဘက်သို့ နွှယ်တက်သည်။ ပင်စည် အရည်ရွှမ်းပြီး ပြောင်ချော၍ အစိမ်းရောင် သို့မဟုတ် ခရမ်းရောင်ရှိသည်။

အရွက်

၂-၅ လက်မခန့် ရှည်ပြီး ၁-၃ လက်မထိ ကျယ်သည်။ အရွက် ထူသည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်း နှလုံးပုံရှိသည် ။ ရွက်ပြားချောပြီး ရွက်ညှာ ၁/၂ လက်မမှ တစ်လက်မထိ ရှည်သည်။ ရွက်နားညီသည်။

အပွင့်

အဖြူရောင် သို့မဟုတ် အနီရောင်ဖြစ်သည်။ ပွင့်ညှာမဲ့ ကြားထွက် တစ်ပင်တိုင်ပန်းခိုင်ဖြစ်သည်။ တန်ဆောင်မုန်းလမှ တပို့တွလအတွင်း ပွင့်သည်။

အသီး

စားတော်ပဲခန့်ရှိ တစ်စေ့သီး ဖြစ်သည်။ အဖြူ သို့မဟုတ် အနီရောင်ဖြစ်၏ ။ မှည့်သောအခါ ခရမ်းရောင်ရှိသည်။ တပေါင်းလ၊ တန်ခူးလတွင် သီးသည်။

မြန်မာ့တိုင်းရင်းဆေးတွင် အသုံးပြုပုံ

  • အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ : အရွက် ၊ အမြစ်။
  • မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ : အပူပိုင်းဒေသတွင်ပေါက်ရောက်သည်။
  • ပေါက်ရောက်ပုံ : သဘာ၀အလျောက် အလေ့ကျပေါက်ပင် ဖြစ်သည်။
  • အသုံးဝင်ပုံ : အာနိသင်

မြန်မာဆေးကျမ်းများအလိုအရ ကင်ပိမ့်သည် ချဉ်၏ ၊ ချို၏ ၊ ပူ၏ ၊ သလိပ်ကို ဖြစ်စေ၏ ၊ ၀ဖြိုးစေ၏ ၊ နှုတ်ကို မြိန်စေ၏ ၊ ထိုင်းမှိုင်းစေ၏ ၊ အိပ်ပျော်စေ၏ ။

အသုံးပြုပုံ-

အရွက်

  1. အရွက်မှ ထုတ်၍ ရသော အဆီသည် အပူနာ ၊ ယားနာ ၊ နှင်းခူတို့ကို ပျောက်ကင်းစေသည်။
  2. အရွက်ကို ကြိတ်၍ အနာပေါ်၌ သုတ်လိမ်းပေးလျှင် အနာပူလောင်ခြင်း နည်းပါး၍ ကျက်သွား၏
  3. အရွက်ကို ကြိတ်၍ ရသောအရည်ကို သောက်ပါက ဆီးပူ ညောင်းကျရောဂါ ပျောက်ကင်း၏။
  4. အရွက်ကို နှာစေး ချောင်းဆိုးနာများနှင့် ကိုယ်ဝန်ဆောင် မိန်းမများ ဝမ်းချုပ်ခြင်း အတွက် အသုံးပြုသည်။

အမြစ်

  1. အမြစ်ပြုတ်ရည်သည် သည်းခြေနှင့် စပ်လျဉ်းသော အော့အန်ခြင်းကို ပျောက်ကင်း စေသည်။ [၁]

ကိုးကား

  1. http://arogyamonline.com/commodity/materials/?raw=88
licence
cc-by-sa-3.0
droit d’auteur
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ