ပုံသဏ္ဌာန် : အပင် အပင်ငယ်မျိုးဖြစ်၍ အမြင့် ၃ ပေခန့် ထိ မြင့်သည်။ ပင်လုံးသေး၍ အခေါင်းပါသည်။ ရိုးတံမှ အကိုင်း အခက် ကလေးများ ထွက်၏ ။ အရွက် အရွက်နူးညံ့ပြီး သေးမွှားသော အမျှင်ကလေးများ ဖြစ်ကြ၏ ။ မွှေးကြိုင်သော အနံ့ရှိသည်။ အပွင့် သေးငယ်၍ အဝါရောင်ရှိသည်။ ထီးပုံသဏ္ဌာန် ပန်းခိုင် တွင်ပွင့်၏။ အသီး အနှံကလေးများသဖွယ် အသီးကလေးများ စုပြုံသီးကြသည်။ ဥသဏ္ဌာန်ရှိ၏ ။ အစေ့သည် စိမ်း၍ ကြာသော် ဝါသွား၏။ အစေ့မွှေးကြိုင်သော အနံ့ရှိသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အစေ့ ၊ အရွက် ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : တောင်ပေါ်ဒေသ အမြင့်ပေ ၆၀၀၀ ထိပေါက်ရောက်နိုင်သည်။ အပူပိုင်း ဒေသတွင် သာမက အအေးပိုင်းဒေသတွင်ပါ ပေါက်ရောက်သည်။ အအေးပိုင်းဒေသတွင်နှစ်ရှည်ခံပင်ဖြစ်သည်။ ပေါက်ရောက်ပုံ စိုက်ပျိုးပင် အဖြစ် ပေါက်ရောက်သည်။ စိုက်ပျိုးပုံ-
(က) ပျိုးထောင်စိုက်ပျိုးခြင်း
စမုန်စပါးပင်များကို တစ်ပင်နှင့် တစ်ပင် ၁ပေကွာ လေးကွက်ကျား စိုက်ပျိုးရသည်။ စိုက်ပျိုးမှုလွယ်ကူရန် ထွန်သွားကို ၁ ပေ ခြား၍ လေးကွက် ကျား ကြောင်း ဆွဲပြီး ၎င်းတို့ ဆုံသော နေရာများတွင် မျိုးစေ့ ၄ စေ့ခန့် ထည့်လျက် ကြမ်းတုံးဖြင့် မြေညှိပေးရသည်။
(ခ) ထိန်းသိမ်းပြုစုခြင်း
စိုက်ပျိုးထားသော စမုန်စပါးပင်များအား ပေါင်းပင်များ မဖုံးလွှမ်းနိုင်စေရန် အချိန်မီ ကြားပေါင်းထွန်လိုက်ခြင်း ၊ ပင်ခြေတွင် ပေါင်းရှင်း ပေးခြင်း ၊ မြေဆွပေးခြင်းများ ပြုလုပ်ပေးရပါသည်။
(ဂ) ရိတ်သိမ်း ဆွတ်ခူးခြင်း
တပို့တွဲလအတွင်း ရိတ်သိမ်း၍ ပင်ခြေမှ တံစဉ်ဖြင့် ရိတ်ယူပြီး တလင်းတွင် စုပုံ၍ အခြောက်လှန်းရသည်။
(ဃ) ပြုပြင် ထုတ်လုပ်ခြင်း
အသီးခြွေရာတွင် နွားဖြင့် ခြွေပါက မျိုးစေ့ များ ကွဲကြေနိုင်သဖြင့် စုပုံကာ တုတ်ဖြင့် ရိုက်ပြီး ခြွေယူရ၏ ။ ရရှိသော စမုန်စပါးမျိုးစေ့များကို အခြောက်ထားရသည်။
အသုံးဝင်ပုံ : အာနိသင် မြန်မာဆေးကျမ်း များ အလိုအရ စမုန်စပါးသည် ပူ၏ ၊ အစာကို ကြေညက်စေ၏ ။ လေ ၊ သလိပ် ၊ သွေးကို ဖြောင့်စေ၏ ၊ ညီမျှစေ၏ ။ နှလုံးကို အကျိုးပြု၏ ။ ဝမ်းမီး နုံ့ခြင်း ကို ပျောက်ကင်း စေတတ်၏ ။ လေအားကြီး သောအနာ၊ အတွင်းပူနာ၊ ရေငတ်နာ တို့ကို နိုင်၏ ။ အသုံးပြုပုံ-
အစေ့
အရွက်

စမုန်စပါးကို အဆီထုတ်၍ အနောက်နိုင်ငံ ဆေးဝါး များတွင် လေဆေးအဖြစ် အသုံးပြု၏ ။ စမုန်စပါးကို စားသုံးခြင်းဖြင့် သလိပ် ၊ လေကို ပယ်၍ ချောင်းဆိုးခြင်း ၊ အန်ခြင်းတို့ကို ပျောက်ကင်း စေနိုင်၏ ။ အဖျားကြီး ၊ အပူကြီး သော် စမုန်စပါးကို ညဦးက စိမ်၍ နံနက် တိုက်ပေးခြင်းဖြင့် အပူရှိန် လျော့၍ အဖျားကျသွားမည်။ ကလေးများ အစာမကြေရောဂါ အတွက် စမုန်စပါးကို ရေနွေးဖြော၍ တိုက်သော် အစာမကြေ ဝမ်းဗိုက်ရောင် ရောဂါ ပျောက်ကင်း၏ ။ ဥသျှစ်သီးကင်းနှင့် စမုန်စပါးကို ရောထောင်း၍ သောက်လျှင် အစာမကြေ ဝမ်းရောဂါပျောက်ကင်း၏။ စမုန်စပါးနှင့် သကြားကို ဆတူရော၍ ညအိပ်ရာဝင်သောက်သော် မျက်စိကြည်လင်သည်။အရွက်
အရွက်ကို အရည်ညှစ်၍ သောက်လျှင် ဆီးချုပ်၊ ဆီးအောင့် ပျောက်၍ ဆီးကောင်းစေသည်။