dcsimg

ငါးနက်ပြာ ( 緬甸語 )

由wikipedia emerging languages提供
 src=
ငါးနက်ပြာ

ငါးနက်ပြာ(Labeo Calbasu)

ငါးနက်ပြာကို ငါးနံဟူ၍လည်း ခေါ်သည်။ ငါးနက်ပြာသည် ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးဒုပ်တို့နှင့်အတူ ငါးသိုင်းမျိုးတွင် ပါသည်။ ပါဏဗေဒအလိုအားဖြင့် 'လေဗီအိုကဲဗားစူး'ဟုခေါ်၍ 'စိုင်ပရီနီဒီ'မျိုးရင်းတွင် ပါဝင်သည်။ ငါးနက်ပြာသည် ကိုယ်ထည်တောင့်တင်းသည်။ ပါးစပ်ပေါက်ကျဉ်းသည်။ နှာတံနှင့် အထက်နှုတ်ခမ်းတို့တွင် အပေါက်ကလေးများ ရှိသည်။ နှုတ်သီးမွေး ၂ စုံပါရှိသည်။ အမြီးခွစောက်နက်သည်။ ငါးမြစ်ချင်း နှင့် ကွာခြားချက်မှာ ငါးနက်ပြာ၏ ကျောရိုးဆူးတောင်တွင် ဆူးတက်များပို၍ ပါရှိခြင်းပင် ဖြစ်သည်။ အရောင်မှာ မည်း သည်။ ဆူးတောင်များ၏ အရောင်မှာလည်း မည်းသည်။ တစ်ခါတစ်ရံ အမြီးဆူးတောင်၏ အထက်ခြမ်းအဖျားတွင် အဖြူရောင်ရှိတတ်သည်။ ငါးအုံတုံနှင့် ငါးဒိန်တို့လည်း ငါးနက်ပြာနှင့် မျိုးချင်းနွှယ်သောငါးများ ဖြစ်ကြသည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
許可
cc-by-sa-3.0
版權
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ
原始內容
參訪來源
合作夥伴網站
wikipedia emerging languages

ငါးနက်ပြာ: Brief Summary ( 緬甸語 )

由wikipedia emerging languages提供
 src= ငါးနက်ပြာ
許可
cc-by-sa-3.0
版權
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ
原始內容
參訪來源
合作夥伴網站
wikipedia emerging languages