dcsimg

பனிபிடுங்கி ( 坦米爾語 )

由wikipedia emerging languages提供

பனிபிடுங்கிக்காய் (Grewia) அல்லது நடச்சி என்பது மால்வேசியே என்ற குடுப்பத்தைச் சார்ந்த பூக்கும் தாவர இனம் ஆகும். இதன் கனி மருந்துப் பொருளாகப் பயன்படுகிறது.

மேற்கோள்கள்

  1. Hinsley (2008a)
許可
cc-by-sa-3.0
版權
விக்கிபீடியா ஆசிரியர்கள் மற்றும் ஆசிரியர்கள்
原始內容
參訪來源
合作夥伴網站
wikipedia emerging languages

பனிபிடுங்கி: Brief Summary ( 坦米爾語 )

由wikipedia emerging languages提供

பனிபிடுங்கிக்காய் (Grewia) அல்லது நடச்சி என்பது மால்வேசியே என்ற குடுப்பத்தைச் சார்ந்த பூக்கும் தாவர இனம் ஆகும். இதன் கனி மருந்துப் பொருளாகப் பயன்படுகிறது.

許可
cc-by-sa-3.0
版權
விக்கிபீடியா ஆசிரியர்கள் மற்றும் ஆசிரியர்கள்
原始內容
參訪來源
合作夥伴網站
wikipedia emerging languages

တရော်ပင် ( 緬甸語 )

由wikipedia emerging languages提供
 src=
ကြက်တရော်ပင်

ရုက္ခဗေဒအလိုအားဖြင့် တရော်ပင်မျိုး၌ မျိုးကွဲများစွာရှိသည်။ ယင်းတို့အနက်'ဂရူးဝီးယား အေရှားတစ်ကား'ကို ကြက် တရော်ဟူ၍၎င်း၊ ကွက်တရော်ဟူ၍၎င်၊ 'ဂရူးဝီးယား အီလာတို့ စတီမွိုက်ဒီ'ကို ပင်တရော်ဟူ၍၎င်း ခေါ်ကြသည်။ ယင်းတို့ကို မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ တွေ့ရသည်။ ရခိုင်လို အုန်းဒူရွက်ဟု ခေါ်သည်။ [၁] တရော်ခေါက် များမှ ချွဲကျွိသောအရည်ထွက်သည်။ အထူးအားဖြင့် တရော်ခေါက်ကို ထုပြီးနောက် ရေတွင်စိမ်၍ ခေါင်းလျှော်ရသည်။

ခေါင်းလျှော်ရည်လုပ်ရာ၌ တရော်ခေါက်ကို ကင်ပွန်းသီးနှင့်ရောစပ်၍ လုပ်လေ့ရှိကြသည်။ သကြားချေးချွတ်ရာ၌လည်း တရော် ခေါက်ကို အသုံးပြုတတ်ကြသည်။ တရော်ပင်မျိုးသည် ဆေး ဖက်ဝင်၏။ အချို့အပင်မျိုးမှ အခေါက်ကို အယားဖြေဆေး အဖြစ်ဖြင့် အသုံးပြုကြသည်။ အချို့အပင်မျိုး၌ အသီးသည် ချုပ်သောသတ္တိ ရှိသည်။ အချို့၌ကား အရွက်သည် အရေပြား ရောဂါအတွက်ကောင်း၏။

တရော်အမည်ဖြင့် အပင်တစ်မျိုးရှိသေးသည်။ ထိုတရော် ပင်မျိုးကို ရုက္ခဗေဒအလိုအားဖြင့် 'အက်စီကေးရီး ယားအဂယ် လော့ခါး'ဟု ခေါ်သည်။ မျိုးရင်းမှာ 'ယူဖောဗီ ယေစီအီး'ဖြစ် သည်။ ပင်လတ်စား အပင်မျိုးဖြစ်၍၊ ရေတက် ရေကျရှိသော ဒေသများတွင် ပေါက်ရောက်သည်။ ထိုအပင်မှ တရော်ရည်မှ အမြုပ်ထသည်။ သစ်သားအနံ့မှာ ဆိုးရွားသည်။ အသားပျော့၍ အဖြူရောင်ရှိသည်။ ကြာရှည်မခံပေ။ ယင်းကို ပေါ့ပါးသော အကြမ်းထည်ပရိဘောဂပစ္စည်းများ လုပ်ရာ၌၎င်း၊ သျွှောများ ပြုလုပ်ရာ၌၎င်း အနည်းအကျဉ်းအသုံးပြုကြသည်။ မီးခြစ်ဆံများ လုပ်ရန်အတွက်လည်း ကောင်းမွန်သည်ဟု ဆိုသည်။

ကိုးကား

  1. မောင်သိန်းဇံ (ဇူလိုင်၊ ၂၀၀၀). ရခိုင်မြန်မာဆေးအခေါ်ကွဲလွဲမှုများ. နက္ခတ္တရောင်ခြည်, ၂၈၁။

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

許可
cc-by-sa-3.0
版權
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ
原始內容
參訪來源
合作夥伴網站
wikipedia emerging languages

တရော်ပင်: Brief Summary ( 緬甸語 )

由wikipedia emerging languages提供
 src= ကြက်တရော်ပင်

ရုက္ခဗေဒအလိုအားဖြင့် တရော်ပင်မျိုး၌ မျိုးကွဲများစွာရှိသည်။ ယင်းတို့အနက်'ဂရူးဝီးယား အေရှားတစ်ကား'ကို ကြက် တရော်ဟူ၍၎င်း၊ ကွက်တရော်ဟူ၍၎င်၊ 'ဂရူးဝီးယား အီလာတို့ စတီမွိုက်ဒီ'ကို ပင်တရော်ဟူ၍၎င်း ခေါ်ကြသည်။ ယင်းတို့ကို မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ တွေ့ရသည်။ ရခိုင်လို အုန်းဒူရွက်ဟု ခေါ်သည်။ တရော်ခေါက် များမှ ချွဲကျွိသောအရည်ထွက်သည်။ အထူးအားဖြင့် တရော်ခေါက်ကို ထုပြီးနောက် ရေတွင်စိမ်၍ ခေါင်းလျှော်ရသည်။