ငန်းနက်သည် ကြီးမားသောရေငှက်တစ်မျိုး ဖြစ်သည်။ ဩစတြေးလျတိုက် အရှေ့တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းတွင် အဓိကသားပေါက်သောငန်း တစ်မျိုး ဖြစ်သည်။ သိပ္ပံအမည်မှာ ဆင်းဂနက်စ် အက်တရာတက်စ် ဖြစ်သည်။ ကြီးမားသောငှက်ကြီးတစ်မျိုး ဖြစ်ပြီး ပြောင်လက်သော အနက်ရောင်အမွေးအတောင်များနှင့် အနီ ရောင်နှုတ်သီး ရှိသည်။ အတောင်များပေါ်ရှိ အမွေးများမှာ ကောက်ကွေးနေသည်။[၁]
ပျံ့နှံ့ကျက်စားရာဒေသ ဩစတြေးလျတိုက် အနောက်တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ စိမ့်တောများနှင့် အနီးတဝိုက်ရှိ ကမ်းလွန်ကျွန်းများတွင် တွေ့ရသည်။ တက်စမေးနီးယားတွင်လည်း တွေ့ရသည်။ [၂]
ငန်းနက်သည် ကြီးမားသောရေငှက်တစ်မျိုး ဖြစ်သည်။ ဩစတြေးလျတိုက် အရှေ့တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းတွင် အဓိကသားပေါက်သောငန်း တစ်မျိုး ဖြစ်သည်။ သိပ္ပံအမည်မှာ ဆင်းဂနက်စ် အက်တရာတက်စ် ဖြစ်သည်။ ကြီးမားသောငှက်ကြီးတစ်မျိုး ဖြစ်ပြီး ပြောင်လက်သော အနက်ရောင်အမွေးအတောင်များနှင့် အနီ ရောင်နှုတ်သီး ရှိသည်။ အတောင်များပေါ်ရှိ အမွေးများမှာ ကောက်ကွေးနေသည်။
ပျံ့နှံ့ကျက်စားရာဒေသ ဩစတြေးလျတိုက် အနောက်တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ စိမ့်တောများနှင့် အနီးတဝိုက်ရှိ ကမ်းလွန်ကျွန်းများတွင် တွေ့ရသည်။ တက်စမေးနီးယားတွင်လည်း တွေ့ရသည်။