dcsimg

သရဖီပင် ( бурмански )

добавил wikipedia emerging languages

သရဖီပင်သည် ပုန်းညက်ပင်နှင့်မျိုးတူဖြစ်၍ ဂတ်တီဖာရီ(Guttiferae; ယခုအခါတွင် Calophyllaceae) မျိုးရင်း၌ပါဝင်သည်။ ရုက္ခဗေဒအမည် အားဖြင့်ကယ်လိုဖိုင်လမ်စပက်တေဗီ (Calophyllum spectabile; ယခုအခါတွင် Calophyllum tacamahaca[၁][၂]) ဟုခေါ်သည်လည်းရှိသည်။ ကယ်လိုဖိုင်လမ်ပိုလီယန်သွမ်(Calophyllum polyanthum)ဟု ခေါ်သည်လည်းရှိသည်။ ကယ်လိုဖိုင်လမ်ကွန်စတယ်ရိုင်(Calophyllum kunstleri; ယခုအခါတွင် Calophyllum rigidum[၁][၃])ဟု ခေါ်သည်လည်းရှိသည်။

ပူအိုက်သောရာသီဥတုရှိသည့်ဒေသများတွင် မူလပေါက်ရောက်ခဲ့ သောအပင်ဖြစ်၍ မြန်မာနိုင်ငံ၌တနင်္သာရီတိုင်း အမြဲစိမ်းတောများ တွင် အများအပြားပေါက်ရောက် သည်။ဝေါဟာရလီနတ္ထဒီပနီအရ မှာ သရဖီဟုခေါ်ဝေါ်ခြင်းသည်သုရာဘိသဒ္ဒါမှဆင်းသက်လာခြင်း ဖြစ်သည်။ သုရာဘိသဒ္ဒါပါဌ်တွင် ဥသရကျေ၍သရဘီဟုခေါ်တွင်လာရာမှသရဖီဟုရေးသားခေါ်ဝေါ်လာကြသည်။ တောင်ပုန်းညက် ပင်ဟုလည်း ယူဆရန်ရှိကြောင်းဖော်ပြထားလေသည်။

သရဖီပင်သည် ပုန်းညက်ပင်နှင့်အနေအထားတူသည်။ပင်စည်ဖြောင့်မတ်၍ အမြင့်ပေ ရဝ မှ ၈ဝ အထိရှိ ပြီးလျှင်လုံးပတ်ခုနစ်ပေခန့်ရှိသည်။ အရွက်များသည် ပုန်းညက်အရွက်ကဲ့သို့ ချောမွတ်ပြောင်လက်သည်။ အလျားလေး လက်မမှခြောက်လက်မအထိရှိသည်။ ပုန်းညက်ရွက်ကဲ့သို့ပင် ထူ၍သားရေကဲ့သို့မာကျောပြီးလျှင်အနားညီ သည်။ ရှည်ရှည်ဝိုင်းဝိုင်းပုံသဏ္ဌာန်ရှိသည်။ ပုန်းညက်ရွက်နည်းတူ အလယ်အကြောမမှအကြောငယ်များ ထင်ရှားစွာ ယှဉ်ပြိုင်ထွက်ပေါ် နေသည်။ပုန်းညက်နှင့်ခြားနားသော အခြားအချက်တစ်ရပ်မှာ အပွင့်ပွင့်ပုံမတူခြင်းဖြစ်သည်။ ပုန်းညက်ကဲ့သို့အခိုင်လိုက်မပွင့်ဘဲ အကိုင်းအခက်များမှအပွင့်ကလေးများတစ်ပွင့်ချင်းထွက်ပွင့်သည်။ အပွင့်ညှာတံ တို၍အပွင့်ကြဲသည်။

အပွင့် ကလေးများသည် ကံ့ကော်ပွင့်အသေးစားကလေးများနှင့်ဆင်ဆင်တူ၍ ဝတ်ဆံအဝါရောင်ရှိသော အဖြူပွင့်ကလေးများဖြစ်သည်။ သင်းပျံ့သောရနံ့ရှိသည်။ ဇေယျရန္တမိတ်ဆို 'ဆောင်းဘုံဌာနေ'ချီရတုတွင်ဖွဲ့နွဲ့သကဲ့သို့ 'ဝတ်ဆံရွှေခဲ၊ပုလဲချပ်စီ'ထားသည့်နှယ်လှပယဉ်ကျေးသော သရဖီပန်းကလေးများကို အမျိုးသမီးတို့ပန်ဆင်ရန်နှစ် သက်ကြသည်။တပေါင်းလအခါ သမယ၌ သရဖီပန်းများဖူးပွင့်ကြ လေရာ ရှေးမြန်မာစာဆိုကြီးများသည် တပေါင်းလရာသီဘွဲ့များ၌ သရဖီပန်းအကြောင်းကို ထည့်သွင်းစပ်ဆိုကြသည်။

အမျိုးသမီးစာဆိုတော် မယ်ခွေ၏ဆဲ့နှစ်ရာသီ အဲချင်း ၁၂ပုဒ်အနက်တပေါင်းလဘွဲ့၌ - နွေဦးမှတိမ်ခ၊ တောတောင်တလီ၊ မှိုင်းဝေရီနှင့်၊ ကတ္တီပါပေါင်း၊ ရွက်သစ်ကယ်လောင်း၊ ရွက်ဟောင်းပျံလို့၊ ခက်ရံမှဝေဝေ၊ အင်ကြင်းသရဖီ၊ ပန်းစုံစီနှင့်၊ သိင်္ဂီရောင်သွေး၊ ကြိုင်ကြိုင်ငယ်မွှေးလို့၊ ငှက်ကျေးငယ်ခြွေသည်၊ တောင်လေပြေ မုန် တိုင်းနှင့်၊ရေလှိုင်းသံတိုး ....'ဟုစပ်ဆိုခဲ့၏။ စာဆိုတော်ကြီးဦးမင်း၏ တပေါင်းလဘွဲ့လေးချိုးတွင်မူ ယခေါင်စဉ်ရှည် သဲစေတီတည်မြဲမို့၊ ရှစ်မည်က မြူချည်လျှင်၊ သရဖီရွှေလိုဝင်းလို|၊အင်ကြင်းသန္တာညွန့်တို့၊ဖူးကွန့်ကိုက်လှယ် ....ဟူ၍ သရဖီပန်းကလေးများ၏ ထင်ပေါ်သော ဝတ်ဆံအဝါရောင်ကို ရွှေရောင်နှင့်ခိုင်းနှိုင်းစပ်ဆိုခဲ့လေသည်။

သရဖီပင်၏အသားသည်ညို၏။ အတော်အသင့်မာသည်။ အကြောအမျှင်များ သိပ်သည်းလျက် ပြုပြင်ရလွယ်သောသစ်ပင်မျိုး ဖြစ်သည်။ သရဖီသားကိုသာမန်နည်းဖြင့်အခြောက်ခံ၍ အသားသေ အောင်ပြုလျှင် ကောက်ကွေးတတ်သောကြောင့် ပေါင်းဖိုတွင်အ ခြောက်ခံမှသာလျှင် သစ်ကောင်းရနိုင်သည်။

သရဖီသားကိုလှေစပ်ခြင်း၊ အိမ်ဆောက်ခြင်း၊လှေရွက်တိုင်၊လှည်း ထမ်းပိုးစသည်တို့ပြုလုပ်ရန် အသုံးပြုနိုင်လေသည်။တနင်္သာရီတိုင်း တွင် ပန်းတကာခေါ် သရဖီတစ်မျိုးရှိသေးလေသည်။[၄]

ကိုးကား

  1. ၁.၀ ၁.၁ Hassler M. (2019). World Plants: Synonymic Checklists of the Vascular Plants of the World (version Nov 2018). In: Species 2000 & ITIS Catalogue of Life, 2019 Annual Checklist (Roskov Y., Ower G., Orrell T., Nicolson D., Bailly N., Kirk P.M., Bourgoin T., DeWalt R.E., Decock W., Nieukerken E. van, Zarucchi J., Penev L., eds.). Digital resource at http://www.catalogueoflife.org/annual-checklist/2019. Species 2000: Naturalis, Leiden, the Netherlands. ISSN 2405-884X.
  2. Calophyllum spectabile Willd. (Plants of the World Online). Retrieved 16 December 2019
  3. Calophyllum kunstleri King (Plants of the World Online). Retrieved 16 December 2019
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
лиценца
cc-by-sa-3.0
авторски права
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ
изворно
посети извор
соработничко мреж. место
wikipedia emerging languages

သရဖီပင်: Brief Summary ( бурмански )

добавил wikipedia emerging languages

သရဖီပင်သည် ပုန်းညက်ပင်နှင့်မျိုးတူဖြစ်၍ ဂတ်တီဖာရီ(Guttiferae; ယခုအခါတွင် Calophyllaceae) မျိုးရင်း၌ပါဝင်သည်။ ရုက္ခဗေဒအမည် အားဖြင့်ကယ်လိုဖိုင်လမ်စပက်တေဗီ (Calophyllum spectabile; ယခုအခါတွင် Calophyllum tacamahaca) ဟုခေါ်သည်လည်းရှိသည်။ ကယ်လိုဖိုင်လမ်ပိုလီယန်သွမ်(Calophyllum polyanthum)ဟု ခေါ်သည်လည်းရှိသည်။ ကယ်လိုဖိုင်လမ်ကွန်စတယ်ရိုင်(Calophyllum kunstleri; ယခုအခါတွင် Calophyllum rigidum)ဟု ခေါ်သည်လည်းရှိသည်။

ပူအိုက်သောရာသီဥတုရှိသည့်ဒေသများတွင် မူလပေါက်ရောက်ခဲ့ သောအပင်ဖြစ်၍ မြန်မာနိုင်ငံ၌တနင်္သာရီတိုင်း အမြဲစိမ်းတောများ တွင် အများအပြားပေါက်ရောက် သည်။ဝေါဟာရလီနတ္ထဒီပနီအရ မှာ သရဖီဟုခေါ်ဝေါ်ခြင်းသည်သုရာဘိသဒ္ဒါမှဆင်းသက်လာခြင်း ဖြစ်သည်။ သုရာဘိသဒ္ဒါပါဌ်တွင် ဥသရကျေ၍သရဘီဟုခေါ်တွင်လာရာမှသရဖီဟုရေးသားခေါ်ဝေါ်လာကြသည်။ တောင်ပုန်းညက် ပင်ဟုလည်း ယူဆရန်ရှိကြောင်းဖော်ပြထားလေသည်။

သရဖီပင်သည် ပုန်းညက်ပင်နှင့်အနေအထားတူသည်။ပင်စည်ဖြောင့်မတ်၍ အမြင့်ပေ ရဝ မှ ၈ဝ အထိရှိ ပြီးလျှင်လုံးပတ်ခုနစ်ပေခန့်ရှိသည်။ အရွက်များသည် ပုန်းညက်အရွက်ကဲ့သို့ ချောမွတ်ပြောင်လက်သည်။ အလျားလေး လက်မမှခြောက်လက်မအထိရှိသည်။ ပုန်းညက်ရွက်ကဲ့သို့ပင် ထူ၍သားရေကဲ့သို့မာကျောပြီးလျှင်အနားညီ သည်။ ရှည်ရှည်ဝိုင်းဝိုင်းပုံသဏ္ဌာန်ရှိသည်။ ပုန်းညက်ရွက်နည်းတူ အလယ်အကြောမမှအကြောငယ်များ ထင်ရှားစွာ ယှဉ်ပြိုင်ထွက်ပေါ် နေသည်။ပုန်းညက်နှင့်ခြားနားသော အခြားအချက်တစ်ရပ်မှာ အပွင့်ပွင့်ပုံမတူခြင်းဖြစ်သည်။ ပုန်းညက်ကဲ့သို့အခိုင်လိုက်မပွင့်ဘဲ အကိုင်းအခက်များမှအပွင့်ကလေးများတစ်ပွင့်ချင်းထွက်ပွင့်သည်။ အပွင့်ညှာတံ တို၍အပွင့်ကြဲသည်။

အပွင့် ကလေးများသည် ကံ့ကော်ပွင့်အသေးစားကလေးများနှင့်ဆင်ဆင်တူ၍ ဝတ်ဆံအဝါရောင်ရှိသော အဖြူပွင့်ကလေးများဖြစ်သည်။ သင်းပျံ့သောရနံ့ရှိသည်။ ဇေယျရန္တမိတ်ဆို 'ဆောင်းဘုံဌာနေ'ချီရတုတွင်ဖွဲ့နွဲ့သကဲ့သို့ 'ဝတ်ဆံရွှေခဲ၊ပုလဲချပ်စီ'ထားသည့်နှယ်လှပယဉ်ကျေးသော သရဖီပန်းကလေးများကို အမျိုးသမီးတို့ပန်ဆင်ရန်နှစ် သက်ကြသည်။တပေါင်းလအခါ သမယ၌ သရဖီပန်းများဖူးပွင့်ကြ လေရာ ရှေးမြန်မာစာဆိုကြီးများသည် တပေါင်းလရာသီဘွဲ့များ၌ သရဖီပန်းအကြောင်းကို ထည့်သွင်းစပ်ဆိုကြသည်။

အမျိုးသမီးစာဆိုတော် မယ်ခွေ၏ဆဲ့နှစ်ရာသီ အဲချင်း ၁၂ပုဒ်အနက်တပေါင်းလဘွဲ့၌ - နွေဦးမှတိမ်ခ၊ တောတောင်တလီ၊ မှိုင်းဝေရီနှင့်၊ ကတ္တီပါပေါင်း၊ ရွက်သစ်ကယ်လောင်း၊ ရွက်ဟောင်းပျံလို့၊ ခက်ရံမှဝေဝေ၊ အင်ကြင်းသရဖီ၊ ပန်းစုံစီနှင့်၊ သိင်္ဂီရောင်သွေး၊ ကြိုင်ကြိုင်ငယ်မွှေးလို့၊ ငှက်ကျေးငယ်ခြွေသည်၊ တောင်လေပြေ မုန် တိုင်းနှင့်၊ရေလှိုင်းသံတိုး ....'ဟုစပ်ဆိုခဲ့၏။ စာဆိုတော်ကြီးဦးမင်း၏ တပေါင်းလဘွဲ့လေးချိုးတွင်မူ ယခေါင်စဉ်ရှည် သဲစေတီတည်မြဲမို့၊ ရှစ်မည်က မြူချည်လျှင်၊ သရဖီရွှေလိုဝင်းလို|၊အင်ကြင်းသန္တာညွန့်တို့၊ဖူးကွန့်ကိုက်လှယ် ....ဟူ၍ သရဖီပန်းကလေးများ၏ ထင်ပေါ်သော ဝတ်ဆံအဝါရောင်ကို ရွှေရောင်နှင့်ခိုင်းနှိုင်းစပ်ဆိုခဲ့လေသည်။

သရဖီပင်၏အသားသည်ညို၏။ အတော်အသင့်မာသည်။ အကြောအမျှင်များ သိပ်သည်းလျက် ပြုပြင်ရလွယ်သောသစ်ပင်မျိုး ဖြစ်သည်။ သရဖီသားကိုသာမန်နည်းဖြင့်အခြောက်ခံ၍ အသားသေ အောင်ပြုလျှင် ကောက်ကွေးတတ်သောကြောင့် ပေါင်းဖိုတွင်အ ခြောက်ခံမှသာလျှင် သစ်ကောင်းရနိုင်သည်။

သရဖီသားကိုလှေစပ်ခြင်း၊ အိမ်ဆောက်ခြင်း၊လှေရွက်တိုင်၊လှည်း ထမ်းပိုးစသည်တို့ပြုလုပ်ရန် အသုံးပြုနိုင်လေသည်။တနင်္သာရီတိုင်း တွင် ပန်းတကာခေါ် သရဖီတစ်မျိုးရှိသေးလေသည်။

лиценца
cc-by-sa-3.0
авторски права
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ
изворно
посети извор
соработничко мреж. место
wikipedia emerging languages

Takamaka des Hauts ( француски )

добавил wikipedia FR

Calophyllum tacamahaca

Le takamaka des Hauts (Calophyllum tacamahaca) est un arbre endémique des Mascareignes (Maurice et Réunion) qui croît à l'intérieur des terres.

Il est couramment appelé takamaka tout comme l'espèce voisine (Calophyllum inophyllum) présente en bord de mer. Pour les différencier, on précise alors takamaka des Hauts pour le premier et takamaka bord de mer pour le second.

Informations complémentaires

лиценца
cc-by-sa-3.0
авторски права
Auteurs et éditeurs de Wikipedia
изворно
посети извор
соработничко мреж. место
wikipedia FR

Takamaka des Hauts: Brief Summary ( француски )

добавил wikipedia FR

Calophyllum tacamahaca

Le takamaka des Hauts (Calophyllum tacamahaca) est un arbre endémique des Mascareignes (Maurice et Réunion) qui croît à l'intérieur des terres.

Il est couramment appelé takamaka tout comme l'espèce voisine (Calophyllum inophyllum) présente en bord de mer. Pour les différencier, on précise alors takamaka des Hauts pour le premier et takamaka bord de mer pour le second.

лиценца
cc-by-sa-3.0
авторски права
Auteurs et éditeurs de Wikipedia
изворно
посети извор
соработничко мреж. место
wikipedia FR

Calophyllum tacamahaca ( холандски; фламански )

добавил wikipedia NL

Calophyllum tacamahaca is een soort uit het geslacht Calophyllum. De soort komt voor op de Mascarenen, Mauritius en Réunion.

Gebruik

Net zoals bij de soort Calophyllum inophyllum wordt er uit de zaden een olie geperst. Het hout en de olie worden voor verschillende doeleinden gebruikt.[1] Verder levert de boom ook nog een hars, Oost-Indische tacamahac genoemd.

Synoniemen

De plant heeft de volgende synoniemen:[2]

  • Calophyllum lanceolarium Roxb.
  • Calophyllum lanceolatum Bl.
  • Calophyllum spectabile Willd.
Bronnen, noten en/of referenties
  1. (en) Dominique Louppe, Plant Resources of Tropical Africa (PROTA), blz. 122
  2. (en) Catalogue of Life: 2014 Annual Checklist, Calophyllum tacamahaca
Wikimedia Commons Zie de categorie Calophyllum tacamahaca van Wikimedia Commons voor mediabestanden over dit onderwerp.
лиценца
cc-by-sa-3.0
авторски права
Wikipedia-auteurs en -editors
изворно
посети извор
соработничко мреж. место
wikipedia NL

Calophyllum tacamahaca: Brief Summary ( холандски; фламански )

добавил wikipedia NL

Calophyllum tacamahaca is een soort uit het geslacht Calophyllum. De soort komt voor op de Mascarenen, Mauritius en Réunion.

лиценца
cc-by-sa-3.0
авторски права
Wikipedia-auteurs en -editors
изворно
посети извор
соработничко мреж. место
wikipedia NL

Calophyllum tacamahaca ( португалски )

добавил wikipedia PT

Calophyllum tacamahaca é uma espécie de planta da família Calophyllaceae.[1] Seu óleo é usado como componente de formulações para cuidados com a pele.[2] Foi relatada a ocorrência de dermatite de contato com o uso do óleo.[3]

Referências

  1. «Calophyllum tacamahaca Willd.» (em inglês). theplantlist.org
  2. «Calophyllum Tacamahaca (Tamanu) Oil*» (em inglês). naturesbaby.com
  3. Le Coz CJ. Allergic contact dermatitis from tamanu oil (Calophyllum inophyllum, Calophyllum tacamahaca). Contact Dermatitis. 2004 Oct;51(4):216-7.
 title=
лиценца
cc-by-sa-3.0
авторски права
Autores e editores de Wikipedia
изворно
посети извор
соработничко мреж. место
wikipedia PT

Calophyllum tacamahaca: Brief Summary ( португалски )

добавил wikipedia PT

Calophyllum tacamahaca é uma espécie de planta da família Calophyllaceae. Seu óleo é usado como componente de formulações para cuidados com a pele. Foi relatada a ocorrência de dermatite de contato com o uso do óleo.

лиценца
cc-by-sa-3.0
авторски права
Autores e editores de Wikipedia
изворно
посети извор
соработничко мреж. место
wikipedia PT

Calophyllum tacamahaca ( виетнамски )

добавил wikipedia VI

Calophyllum tacamahaca là một loài thực vật có hoa trong họ Calophyllaceae. Loài này được Willd. mô tả khoa học đầu tiên năm 1811.[1]

Chú thích

  1. ^ The Plant List (2010). Calophyllum tacamahaca. Truy cập ngày 15 tháng 9 năm 2013.

Liên kết ngoài


Hình tượng sơ khai Bài viết Họ Cồng này vẫn còn sơ khai. Bạn có thể giúp Wikipedia bằng cách mở rộng nội dung để bài được hoàn chỉnh hơn.
лиценца
cc-by-sa-3.0
авторски права
Wikipedia tác giả và biên tập viên
изворно
посети извор
соработничко мреж. место
wikipedia VI

Calophyllum tacamahaca: Brief Summary ( виетнамски )

добавил wikipedia VI

Calophyllum tacamahaca là một loài thực vật có hoa trong họ Calophyllaceae. Loài này được Willd. mô tả khoa học đầu tiên năm 1811.

лиценца
cc-by-sa-3.0
авторски права
Wikipedia tác giả và biên tập viên
изворно
посети извор
соработничко мреж. место
wikipedia VI