အီဂွားနား ဖွတ်နဂါးသည် အပူပိုင်းဒေသနေ အသီးအရွက်စား တွားသွားသတ္တဝါဖြစ်သည်။ အရောင်အသွေးမှာ နှစ်မျိုးနှစ်စားဖြစ်ပြီး အခြေအနေအလိုက် အညိုရောင် ရှိရာမှ အပြာရောင်သို့ ပြောင်းနိုင်သည်။ သူတို့ကျက်စားရာဒေသမှာ ကာရစ်ဗီယန်ကျွန်း (Grand Cayman) ဖြစ်သည်။ ယခုတွင် အီဂွားနား ဖွတ်နဂါး အရိုင်းမျိုး အရေအတွက် ၂၅ ကောင် သာလျှင် ကျန်ရှိသည်။ ကမ္ဘာတွင် အီဂွားနား ဖွတ်နဂါးမျိုး၊ မျိုးရိုးသုဉ်းသွားရန် အစိုးရိမ်ရဆုံး သတ္တဝါထဲတွင် ပါဝင်နေသည်။ [၁]
ပုံပါ ဖွတ်နဂါးကို blue rock iguana အပြာရောင်နှင့်ကျောက်အီဂွားနား သို့မဟုတ် နဂါးပြာလေးဟု ခေါ်ကြသည်။