dcsimg

ချေဖါပိုး ( burma )

tarjonnut wikipedia emerging languages

ချေဖါပိုး (Beetle, Chafer) ခေါ် ပိုးတောင်မာအမျိုးမျိုးကို ကမ္ဘာအနှံ့အပြား မှာပင် တွေ့ရှိနိုင်သည်။ ပိတုန်းအမျိုးမျိုးနှင့် ချေးထိုးပိုးအမျိုးမျိုး သည် ပိုးတောင်မာစာရင်းဝင်ပိုးများ ဖြစ်ကြ၏။ ချေဖါတို့သည် 'လမယ်လီတောနီး ယား'ခေါ် မျိုးပေါင်းတွင် ပါဝင်၍၊ ပြားချပ် သောအာရုံမှင်မျိုး ပါရှိခြင်းကြောင့် ယင်းတို့ကို ခွဲခြားသိသာ နိုင်သည်။

ချေဖါပိုးတို့သည် သစ်ပင်ပန်းပင်တို့၏ အရွက်များကို အကုန်လိုလို ဖျက်ဆီးလေ့ရှိသည်။ ချေဖါပိုး လောင်းကလေး များက အပင်၏အမြစ်များကို စား၍ ဖျက်ဆီးတတ်ကြသည်။ ချေဖါပိုးလောင်းသည် အခြားပိုးလောင်းတို့ထက် ကြီးမား လေးလံသော ကိုယ်ရှိသည်။ ဖြူဖွေးနူးညံ့သော ကိုယ်တွင် အညိုရင့်ရောင် ဦးခေါင်းပါရှိသည်။ ခြေထောက်သုံးစုံရှိ၍ ဝမ်းပိုက်ပူသည်။ ကြီးပြင်းနေဆဲအချိန်တွင် ပိုးလောင်းတို့၏ အဓိကအစာမှာ သစ်မြစ်များသာ ဖြစ်သည်။ ပိုးလောင်းဘဝနှင့် နှစ်ပေါင်းများစွာ နေတတ်သဖြင့် ယင်းတို့စားသောက် ဖျက်ဆီး မှုကြောင့် အပျက်အစီးများတတ်၏။

မြန်မာနိုင်ငံ၌ ပြောင်းပင်နှမ်းပင် စသည်တို့၏ အမြစ်များ ကို ကိုက်ဖဲ့ဖျက်ဆီးလေ့ရှိသော ပိုးတီကောင်သည် ပိုးစာပင်အစ ရှိသော အပင်တို့၏ အရွက်များကို ကိုက်ဖြတ်ဖျက်ဆီးသော ပိုးကျိုင်းကောင်တို့၏ ပိုးလောင်းကလေးများပင် ဖြစ်လေသည်။ ထိုပိုးကျိုင်းကောင်ကို ချေးထိုးပိုးဟုလည်း ခေါ်သည်။ ယင်းတို့ သည် မိုးဦးကျရာသီတွင် အိမ်ထဲသို့ ညဉ့်အခါ တဝီဝီမြည်ပြီး ပျံဝင်လာတတ်ကြသည်ကို တစ်ခါတစ်ရံ ကြံရတတ် လေသည်။ [၂]

ကိုးကား

  1. "Family-group names in Coleoptera (Insecta)" (2011). ZooKeys 88 (88): 1–972. doi:10.3897/zookeys.88.807. PMID 21594053.
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
lisenssi
cc-by-sa-3.0
tekijänoikeus
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ
alkuperäinen
käy lähteessä
kumppanisivusto
wikipedia emerging languages

ချေဖါပိုး: Brief Summary ( burma )

tarjonnut wikipedia emerging languages

ချေဖါပိုး (Beetle, Chafer) ခေါ် ပိုးတောင်မာအမျိုးမျိုးကို ကမ္ဘာအနှံ့အပြား မှာပင် တွေ့ရှိနိုင်သည်။ ပိတုန်းအမျိုးမျိုးနှင့် ချေးထိုးပိုးအမျိုးမျိုး သည် ပိုးတောင်မာစာရင်းဝင်ပိုးများ ဖြစ်ကြ၏။ ချေဖါတို့သည် 'လမယ်လီတောနီး ယား'ခေါ် မျိုးပေါင်းတွင် ပါဝင်၍၊ ပြားချပ် သောအာရုံမှင်မျိုး ပါရှိခြင်းကြောင့် ယင်းတို့ကို ခွဲခြားသိသာ နိုင်သည်။

ချေဖါပိုးတို့သည် သစ်ပင်ပန်းပင်တို့၏ အရွက်များကို အကုန်လိုလို ဖျက်ဆီးလေ့ရှိသည်။ ချေဖါပိုး လောင်းကလေး များက အပင်၏အမြစ်များကို စား၍ ဖျက်ဆီးတတ်ကြသည်။ ချေဖါပိုးလောင်းသည် အခြားပိုးလောင်းတို့ထက် ကြီးမား လေးလံသော ကိုယ်ရှိသည်။ ဖြူဖွေးနူးညံ့သော ကိုယ်တွင် အညိုရင့်ရောင် ဦးခေါင်းပါရှိသည်။ ခြေထောက်သုံးစုံရှိ၍ ဝမ်းပိုက်ပူသည်။ ကြီးပြင်းနေဆဲအချိန်တွင် ပိုးလောင်းတို့၏ အဓိကအစာမှာ သစ်မြစ်များသာ ဖြစ်သည်။ ပိုးလောင်းဘဝနှင့် နှစ်ပေါင်းများစွာ နေတတ်သဖြင့် ယင်းတို့စားသောက် ဖျက်ဆီး မှုကြောင့် အပျက်အစီးများတတ်၏။

မြန်မာနိုင်ငံ၌ ပြောင်းပင်နှမ်းပင် စသည်တို့၏ အမြစ်များ ကို ကိုက်ဖဲ့ဖျက်ဆီးလေ့ရှိသော ပိုးတီကောင်သည် ပိုးစာပင်အစ ရှိသော အပင်တို့၏ အရွက်များကို ကိုက်ဖြတ်ဖျက်ဆီးသော ပိုးကျိုင်းကောင်တို့၏ ပိုးလောင်းကလေးများပင် ဖြစ်လေသည်။ ထိုပိုးကျိုင်းကောင်ကို ချေးထိုးပိုးဟုလည်း ခေါ်သည်။ ယင်းတို့ သည် မိုးဦးကျရာသီတွင် အိမ်ထဲသို့ ညဉ့်အခါ တဝီဝီမြည်ပြီး ပျံဝင်လာတတ်ကြသည်ကို တစ်ခါတစ်ရံ ကြံရတတ် လေသည်။

lisenssi
cc-by-sa-3.0
tekijänoikeus
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ
alkuperäinen
käy lähteessä
kumppanisivusto
wikipedia emerging languages